သမ္မတ ဦးထင်ကျော်၊ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှားတပ်ချုပ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကြီး
ဒေါက်တာဟာဂျီဇူကီဖလီ ဘင်မိုဟာမက်ဇင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည်
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်
လှိုင်တို့ကို ဒီဇင်ဘာ ၅ ရက်က သမ္မတအိမ်တော်သို့ လာရောက် တွေ့ဆုံခဲ့သည်။
မလေးရှားနိုင်ငံ၌ မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက်၊ ဒုဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးရာဝန် ကြီးတို့ ကိုယ်တိုင်ပါဝင်ပြီး ထောင်နှင့်ချီသော မလေးရှားနိုင်ငံသား များက ဘင်္ဂါလီများကို အကြမ်း ဖက်မှုများ ရပ်တန့်ပေးရန် ဒီဇင် ဘာ ၄ ရက်တွင် မြန်မာသံရုံးရှေ့ ၌ ဆန္ဒပြကန့်ကွက်ခဲ့သည်။ ယင်း အခြေအနေတွင် မလေးရှားတပ်ချုပ်က မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီး ရောက်ရှိနေခြင်း ဖြစ် သည်။
ထိုသို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြန်မာအစိုးရ၏ ဆောင်ရွက်ချက် များနှင့် ပတ်သက်၍ သတင်းမှား များ ပျံ့နှံ့နေမှု၊ ယင်းသို့သတင်း မှားများ ပျံ့နှံ့မှုများကြောင့် အ ထင်အမြင်လွဲမှားမှုများ မြင့်တက် နေမှု၊ အစိုးရသစ်လက်ထက် ကိုင်တွယ်ဖြေရှင်းရာတွင် တည်ဆဲ ဥပဒေများ၊ လူ့အခွင့်အရေးစံနှုန်း များနှင့်အညီ ဆောင်ရွက်လျက်ရှိ သည့်အခြေအနေများ၊ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် နှင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေသည့် အ ခြေအနေများကိုလည်း ဆွေးနွေး ခဲ့ကြောင်း သမ္မတရုံးက သတင်း ထုတ်ပြန်သည်။
ထို့အပြင် နှစ်နိုင်ငံပြည်သူ များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကဏ္ဍတိုးမြှင့်ဖော် ဆောင်ရေး၊ နှစ်နိုင်ငံအကြား ရင်း နှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သမ္မတ ဦးထင်ကျော် သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကိုလည်း မွန်းလွဲပိုင်း၌ ဆက်လက်တွေ့ဆုံ ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည် နယ်ရှိ နှစ်ဖက် အသိုက်အ၀န်းအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ၏ အရေးပါမှု၊ မမှန်ကန်သည့် ကော လာဟလသတင်းများအပေါ် မှန် ကန်စွာ တုံ့ပြန်၍ ပွင့်လင်းမြင်သာ စွာ သတင်းထုတ်ပြန်ရန် အရေး ကြီးမှု၊ နှစ်ဖက်အသိုက်အ၀န်းအ ကြား အပြန်အလှန်ထိတွေ့ဆက် ဆံမှုများမှတစ်ဆင့် နားလည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ရန် လိုအပ်မှုတို့ကိုပါ ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက သတင်း ထုတ်ပြန်သည်။
ဆက်လက်၍ မလေးရှား တပ်ချုပ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမ ဆောင်၌ ထပ်မံတွေ့ဆုံခဲ့သည်။
မလေးရှား တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် နှုတ်ဆက်ချစ်ကြည်ရေးခရီး လာရောက်နေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးကိစ္စများသည် ယင်းဒေသ ရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေ နှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က မလေးရှားတပ်ချုပ် အား ပြောကြားခဲ့ကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။
မိမိနိုင်ငံ၏ လုံခြုံရေးအဖွဲ့ အစည်းများအနေဖြင့် ဥပဒေမဲ့လူ သတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိကြောင်းနှင့် အဖွဲ့အစည်းများ နှင့် စုံစမ်းစစ်ဆေးမှုများ ပူးပေါင်း လုပ်ဆောင်နေကြောင်း၊ အကယ်၍ ဥပဒေ ချိုးဖောက်မှုရှိပါက လည်း အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြော ကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် နေသည့် ဘင်္ဂါလီအရေးကိစ္စများ နှင့်ပတ်သက်၍ မိမိလုံခြုံရေးအဖွဲ့ အစည်းများအနေဖြင့် လူ့အခွင့်အ ရေးချိုးဖောက်မှုများ၊ အင်အားသုံးဖိအားပေး တိုက်ခိုက်မှုမရှိသည့် အခြေအနေမှန်များ၊ ယင်းဒေသ တွင် ပြည်တွင်း၊ ပြည်ပမီဒီယာ များ ရှိနေခြင်းကြောင့် မဟုတ်မမှန်ပြောဆို၍ မရနိုင်ကြောင်း တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့အပြင် မြန်မာ-မလေးရှားနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အ ကြား လက်ရှိ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်များ ဦးဆောင် မှုဖြင့် ချစ်ကြည်ရင်းနှီးမှု၊ ပူး ပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်နိုင်သည့် အခြေအ နေများ၊ ဆက်လက်၍ တပ်မ တော်နှစ်ရပ်ဆက်ဆံရေးတည်တံ့ ခိုင်မြဲရေးနှင့် ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်နိုင်ရေးအတွက် အဆင့်အလိုက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များ စေလွှတ် တွေ့ဆုံဆွေးနွေးရေး ကိစ္စများ ဆွေးနွေးခဲ့သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဆိုင်ရာပြပွဲ များသို့ အပြန်အလှန် တက် ရောက်ရေး၊ လေ့ကျင့်ရေးဆိုင်ရာ သင်တန်းများ တိုးမြှင့်စေလွှတ် ရေး၊ အကြမ်းဖက်မှုတားဆီးကာ ကွယ်ရေးအတွက် တပ်မတော်နှစ် ရပ်အကြား သတင်းဖလှယ်မှုကိစ္စ ရပ်များ ဆက်လက်လုပ်ဆောင် ရေး၊ အခြားသော တတိယနိုင်ငံ များ အပါအ၀င် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင် ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြ သည်။မလေးရှားတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် ယခုလ ပိုင်းအတွင်း တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်တာဝန်မှ အ ငြိမ်းစားယူမည်ဖြစ်ပြီး မလေးရှား နိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက် လက်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
7day

No comments:
Post a Comment