ဘင်္ဂါလီတွေကလည်း ပြဿနာတွေ နောက်ထပ်မဖြစ်ပွားစေရေး ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားပြီး လက်နက်ရှာဖွေပေးဖို့ကိုတော့ အာမခံပြောကြားခြင်းမရဘူးလို့ သိရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
နယ်ခြားစောင့်ရဲဌာနချုပ်အပါအ၀င် ရဲစခန်းသုံးခုကို အကြမ်းဖက်စီးနင်းတိုက်ခိုက်ကာလုယူသွားတဲ့ လက်နက်တွေ သက်ဆိုင်ရာကိုပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်ပေးမယ်ဆိုရင် စစ်ဆင်ရေးဒေသအဖြစ် သတ်မှတ်ထားတာကို ပြန်လည်ရုပ်သိမ်းပေးမှာဖြစ်ကြောင်း အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (ဌာနချုပ်) ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောကြားလိုက်တယ်လို့ သိရပါတယ်။
7Day Daily ရဲ့ ဖော်ပြချက်အရ ပါသွားတဲ့လက်နက်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လက်ထဲရောက်အောင် ပြန်လုပ်ပေးပါက စစ်ဆင်ရေးဒေသလည်း အကုန်ပြန်ရုပ်သိမ်းပေးမှာပဲဖြစ်တယ်လို့ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားထားပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေနဲ့ မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့ရှိ ဒေသခံ ဘင်္ဂါလီတွေ ဒီဇင်ဘာ ၁၀ ရက်က တွေ့ဆုံပွဲပြုလုပ်စဉ်မှာ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးက အဆိုပါ အတိုင်းပြောကြားတာ ဖြစ်ပါတယ်။
ဘင်္ဂါလီတွေကလည်း ပြဿနာတွေ နောက်ထပ်မဖြစ်ပွားစေရေး ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားပြီး လက်နက်ရှာဖွေပေးဖို့ကိုတော့ အာမခံပြောကြားခြင်းမရှိဘူးလို့ သိရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၉ ရက်က မောင်တောနယ်စပ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် လက်နက် မျိုးစုံ ၅၁ လက်နဲ့ ကျည်ဆန် ၁၀,၁၄၀ ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
Photos & Source: 7Day Daily
No comments:
Post a Comment