Tuesday, December 6, 2016

ရန်ကုန်နှစ်သစ်ကူးညမှာ အခမဲ့ကြည့်ရမယ့် အိုင်စီဖျော်ဖြေပွဲ

 
 
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
 နှစ်သစ်ကူးညတွင် အိုင်းရင်းခရော့စ်တီးဝိုင်းအဖွဲ့၏ အခမဲ့ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၏ ပြည်သူ့ရင်ပြင်၌  ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီနှစ်ထဲမှာ အိုင်စီအဖွဲ့ရဲ့ ဖျော်ဖြေပွဲအနေနဲ့ နှစ်သစ်ကူးည ဖျော်ဖြေပွဲပဲရှိတော့မှာပါ။ ရုပ်သံ လိုင်းတွေကလည်း တိုက်ရိုက်ပြ မှာပါ’’ဟု We Love IC Fans Group ၏ Admin ကိုတင်ထွန်း လွင်က ပြောသည်။
အိုင်းရင်းခရော့စ်အဖွဲ့၏ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃ ရက်က ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြု လုပ်ခဲ့ရာ ပရိသတ်အားပေးမှုများ ပြားခဲ့သည်။ ယခုနှစ်အတွင်း အိုင်းရင်း ခရော့စ်အဖွဲ့အနေဖြင့် နယ်လှည့်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ် ခဲ့ပြီး အခမဲ့ဖျော်ဖြေပွဲများအဖြစ် အင်းလေးနှင့် ချောင်းသာတို့တွင် ပြုလုပ်ခဲ့သည်။
အင်းလေးတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲသည် အင်းရေပြင်တွင် စင်ဆောက်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်များကလည်း လှေများ ဖြင့် လာရောက်ကြည့်ရှုကြရသော ကြောင့် ထူးခြားသည့် ပွဲဖြစ်ခဲ့ သည်။အဆိုပါ ဖျော်ဖြေပွဲအပြီး တွင်လည်း We Love IC Fans Group အနေဖြင့် အမှိုက်ကောက် မည့် အစီအစဉ်ရှိကြောင်း ကိုတင် ထွန်းလွင်က ပြောသည်။
‘‘ကျွန်တော်တို့ ပြီးခဲ့တဲ့ ချောင်းသာပွဲမှာ စလုပ်ဖြစ်တာ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အိုင်စီချစ်တဲ့သူတွေအနေနဲ့ အိုင် စီဖျော်ဖြေပွဲပြီးသွားတဲ့အချိန်မှာ အမှိုက်တွေရှုပ်ပွကျန်နေတာကို မလိုချင်ဘူး။ ပြီးတော့ ၂၀၁၇ နှစ်စကိုလည်း အဖွဲ့ရဲ့လှုပ်ရှားမှုအနေ နဲ့ လုပ်ဖြစ်တာ’’ဟု ၎င်းက ပြော သည်။
ဆက်သွယ်ရန် myitsonmediagroup@gmail.com

No comments:

Post a Comment