အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေနှင့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Mr. Song Tao တို့ တွေ့ဆုံနှုတ်ဆက်စဉ် ဓာတ်ပုံ-IDCPC
မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ တံခါးပိတ်ဝါဒကျင့်သုံးခဲ့သူ အာဏာရှင်တစ်ဦးသည်ရာထူးကို စွန့်လွှတ်သွားသည့်တိုင် သူ၏ဘ၀နောက်ဆုံးလက်ကျန်အချိန်များကို တံခါးပိတ်ဝါဒဖြင့်ပင် ဖြတ်သန်းနေသည်။
စစ်အာဏာရှင်ကြီးဟု နာ မည်ဆိုးနှင့်ကျော်ကြားခဲ့သော အ ငြိမ်းစားဗိုလ်မှူးကြီး ဦးသန်းရွှေ သည် ငါးနှစ်ခန့် လူမြင်ကွင်းမှ ပျောက်နေခဲ့သည်။ သူကွယ်လွန် ပြီဟု အကြိမ်ကြိမ်ကောလာဟလ ထွက်ခဲ့သည်အထိပင်။
အစိမ်းရောင် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေထဲတွင် တပ်မ တော်၏အခန်းကဏ္ဍကို အခိုင်အမာ ထည့်သွင်းရေးခဲ့ပြီးနောက် စာ ဖတ်နေသူကြီးဟုပင် နာမည်ကြီး ကာ ဘ၀၏နောက်ဆုံးအချိန်များ ကို စိတ်အေးလက်အေး
ဖြတ်သန်း နေခဲ့ပုံပေါ်သည်။
တပည့်ဖြစ်သူ ဗိုလ်ချုပ်ကြီး များအား အာဏာလွှဲပေးခဲ့ပြီး နောက် ငါးနှစ်ကျော်ကြာမျှ လူမြင် ကွင်းမှ ပျောက်ချက်သားကောင်း နေသော စာဖတ်သူကြီးသည် သူ့ ကိုနှစ်ပေါင်းများစွာ အတိုက်အခံ လုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရတက်လာပြီး တစ် နှစ်မပြည့်မီမှာပင် တိုက်ဆိုင်မှု လား၊ ဘာကြောင့်လားမသိ သုံး ကြိမ်ထွက်ပေါ်လာခဲ့သည်။ ဧည့် သည်များကို လက်ခံတွေ့ဆုံခဲ့ခြင်း ဖြင့် အငြိမ်းစားအာဏာရှင်အဖြစ် ကမ္ဘာတစ်လွှားက ကင်ပွန်း တပ်ခံ ရသူကြီးသည် စာမျက်နှာများ ထက်ပြန်တက်လာသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်အပြီး ဒီချုပ်ပါတီအစိုးရ ဖွဲ့ရန် သေချာသလောက်ရှိနေချိန် တွင် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် ပထမဆုံး အကြိမ်တွေ့ဆုံပြီး သမိုင်းဝင်ည ဟု အမည်တွင်ခဲ့သည်။ စာဖတ်သူ ကြီး၏မြေး နေရွှေသွေးအောင် (ဖိုး လပြည့်) က အဆိုပါတွေ့ဆုံမှုတွင် အရေးပါသောနေရာမှ ပါဝင်ခဲ့ သည်။
ဦးသန်းရွှေနှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ဒီဇင်ဘာ ၄ ရက် က နေပြည်တော်တွင်တွေ့ဆုံခဲ့ကြ ခြင်းဖြစ်သည်။
‘‘ဒီချုပ်နိုင်သွားပြီးချိန်မှာ တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကို ဦးရွှေမန်းကစီစဉ်ပေး တယ်လို့ကြားတယ်။ အဓိကက တော့ တပ်မတော်ရဲ့ အခန်းကဏ္ဍ နဲ့ အရင်တပ်မတော်ခေါင်းဆောင် ဟောင်းတွေရဲ့ လုံခြုံရေးကို
အာ မခံဖို့ နှစ်ဖက်သဘောတူနိုင် အောင် စီစဉ်ပေးတာဖြစ်နိုင်ပါ တယ်’’ဟု ပြည်ခိုင်ဖြိုးအစိုးရလက် ထက်က ပြည်ထောင်စုဝန်ကြီး ဟောင်းတစ်ဦးက သုံးသပ်သည်။
၉၀ အိပ်မက်ဆိုးမက်ခဲ့ဖူးကြ သူများက ၂၀၁၅ အိပ်မက်ဆိုးမ မက်ရန် မျှော်လင့်နေကြချိန်တွင် သြဇာကြီးမားသူနှစ်ဦး၏ တွေ့ဆုံ မှုကို အကောင်းဘက်ကမျှော်လင့် ခဲ့ကြသည်။ မျှော်လင့်ခဲ့ကြသည့် အတိုင်းပင် ၉၀ အိပ်မက်ဆိုးကို ၉၀ မှာပင် ထားခဲ့နိုင်သည်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပါတီကို အ ငြိမ်းစားဗိုလ်ချုပ်ကြီးများက အာ ဏာ လွှဲပြောင်းရေးလမ်းစဉ်မှာ ချောမွေ့ခဲ့သည်။
သို့သော် ဦးသန်းရွှေ၏ သ တင်းထွက်ပေါ်မှုကို တိုက်ရိုက် အတည်မပြုနိုင်ခဲ့ကြဘဲ သူ၏နီး စပ်သူများထံမှသာ အတည်ပြုနိုင် ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင်လည်း ဦးသန်းရွှေ၏ မြေး နေရွှေသွေးအောင်၏ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားချက်မှ အတည်ပြုခဲ့ရခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် တရားဝင် အနိုင်ရရှိခဲ့ပြီးနောက်
မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်း ဆောင်သည် ဒေါ်အောင်ဆန်းစု ကြည်ဖြစ်လာမည်မှာ အားလုံး လက်ခံရမည့် အမှန်တရားပင်ဖြစ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ၎င်းအနေဖြင့် တတ်နိုင်သည့်ဘက် မှ အစွမ်းကုန်ကူညီမည်ဟု ဦးသန်း ရွှေက တွေ့ဆုံမှုတွင်ပြောကြောင်း သမိုင်းဝင်ညတွေ့ဆုံမှုအပြီးပုဂ္ဂိုလ် နှစ်ဦး၏ခွင့်ပြုချက်ဖြင့် ရေးသား ထုတ်ပြန်သည်ဆိုသော မြေးဖြစ် သူ၏ ရေးသားချက်တွင် ပါရှိ သည်။
‘‘သူ (ဦးသန်းရွှေ)ဟာ ဒီနေ့ အာဏာမရှိတော့ဘူး ဆိုသော် လည်း သြဇာရှိတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ အာဏာမရှိဘူး။ သြဇာ ရှိတယ်။ တစ်ခါတစ်ခါမှာ အာ ဏာထက် သြဇာက အကျိုးထိ ရောက်တာရှိတယ်’’ဟု ထိုစဉ်က လွှတ်တော်နာယက သူရဦးရွှေမန်း က သုံးသပ်ခဲ့သည်။
၅၉(စ)ဖြင့် သမ္မတဖြစ်ရေး လမ်းပိတ်နေသူ ဒေါ်အောင်ဆန်းစု ကြည်သည် လမ်းပိတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပုဒ်မ ၂၁၇ ကိုအသုံးပြုကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့ သည်။ ယင်းမှာ ဦးသန်းရွှေ၏ အ ကြံဉာဏ်ဟု သုံးသပ်မှုအချို့ပင် ရှိ ခဲ့သည်။
ထိုစဉ်က ကချင်ပြည်နယ် ၀န်ကြီးချုပ်၊ရှမ်းပြည်နယ်ဝန်ကြီး ချုပ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာများ ကို ၅၉(စ) ပြင်ဆင်ရေးနှင့် အပေး အယူမလုပ်ခဲ့သည်ကို ကြည့်ခြင်း ဖြင့် ဒေါ်အောင်ဆန်းစုကြည်
၏ ၀ှက်ဖဲကို သိရှိနိုင်ကြောင်း သီပေါ ပြည်သူ့လွှတ်တော် ကိုယ်စား ဟောင်း ဦးရဲထွန်းက သုံးသပ် သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်က ဂျိုကာကိုင်ထားတာ’’ဟု ဦးသန်း ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို ဦးရဲထွန်းက တင် ထားသည်။
ဦးသန်းရွှေသည် ဦးသိန်းစိန် ၏ အစိုးရကိုရော သူရဦးရွှေမန်း၏ လွှတ်တော်ကိုပါ ၀င်ရောက်စွက်ဖက်ခဲ့သည့် အရိပ်အယောင်ပင်မတွေ့ခဲ့ရကြောင်း ၎င်းကပြောသည်။
‘‘ဒါပေမဲ့ တပ်ပိုင်းဆိုင်ရာ အ ရေးကြီးကိစ္စတွေနဲ့ ဖွဲ့စည်းပုံ အ ခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ မှာ သူ့တပည့်တွေက သူ့အကြံ ဉာဏ်ယူရမယ်တော့ ထင်တယ်’’ ဟု ဦးရဲထွန်းက ၎င်း၏အမြင်ကို ပြောသည်။
မည်သို့ပင်ဖြစ်စေ သူပြန် လည်ပေါ်ထွက်လာသည့် အချိန် များသည် နိုင်ငံ၏အရေးကြီးသည့် အချိန်များ ဖြစ်နေခြင်းဖြစ်သည်။
စင်စစ်သူသည် တပည့်များ အကြီးကျယ်ဆုံး စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်နေချိန်တွင် ထွက်ပေါ်လာ ခြင်းမရှိခဲ့ပေ။ သူရဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့ အကွဲအပြဲတွင် အ ငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ အသံ ကို မကြားခဲ့ကြရပေ။ သန်းခေါင် ယံအာဏာသိမ်းပွဲဟု နာမည်ကြီး သည့် သူရဦးရွှေမန်းကို ပြည်ခိုင် ဖြိုးဥက္ကဋ္ဌရာထူးမှ ဖယ်ရှားမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ အမိန့်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့ သော် တပည့်ရင်းဖြစ်သူ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌဟောင်း
ဦး ခင်အောင်မြင့်က ဦးသန်းရွှေ လက်ချက်မဟုတ်ကြောင်း အတိ အလင်းငြင်းဆိုခဲ့သည်။
‘‘သူက အလွန်သိမ်မွေ့ တယ်။ သူလုပ်ချင်ရင် ဒီလိုမျိုး ဘယ်လုပ်မလဲ။ သိမ်သိမ်မွေ့မွေ့ လေးလုပ်သွားမှာ’’ဟု ဆရာဖြစ်သူ ၏ စရိုက်ကိုဖော်ညွှန်းသည်။
ဦးသန်းရွှေ၏ ဒုတိယအကြိမ် ထွက်ပေါ်လာမှုမှာလည်း ထူးခြား လှသည်။ မြန်မာနှင့်ကမ္ဘာ့မီဒီယာ များ၏ ဖော်ပြချက်အရမဟုတ်ဘဲ တရုတ်မီဒီယာ၏ ဖော်ပြချက်အရ သိခဲ့ရခြင်းဖြစ်သည်။
အချိန်အခါအရလည်း ဒေါ် အောင်ဆန်းစုကြည်၏ သမိုင်းဝင် တရုတ်ခရီးမတိုင်မီ ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ မတ်လက ရာထူးမှ အနားယူပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော ဦးသန်း ရွှေသည် ၂၀၁၆ သြဂုတ် ၁၂ ရက် ညနေကထုတ်လွှင့်သော Phoenix Info News Channel ၏ ရုပ်သံ သတင်းတွင် ပြန်လည်ပေါ်
ထွက်လာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၊ ဒီချုပ်ထိပ်ပိုင်း
ခေါင်းဆောင် ဦးဝင်းထိန်တို့နှင့် တွေ့ဆုံခဲ့သည့် တရုတ်နိုင်ငံ ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံ တကာဆက်ဆံရေးဝန်ကြီး Mr. Song Tao သည် ၎င်း၏မြန်မာခရီး စဉ်အတွင်း ဦးသန်းရွှေနှင့်ပါ တွေ့ ဆုံခဲ့ကြောင်း
ဟောင်ကောင်အခြေ စိုက် Phoenix Info News က ရုပ်သံထုတ်လွှင့်ခဲ့သည်။
ယခင်က ရွှေရောင်တံဆိပ် များစွာပါဝင်သော စစ်ယူနီဖောင်း ဖြင့်သာတွေ့ရလေ့ရှိသော အငြိမ်း စားဗိုလ်ချုပ်မှူးကြီးကို အင်္ကျီအ ဖြူနှင့် နက်ပြာရောင်လုံချည်တို့ဖြင့် တွေ့ရသည်။ သူနှင့်အတူ ခမ်းနား လှသည့် သူ၏အိမ်ကိုပါ တွဲမြင်ရ ခြင်းဖြစ်သည်။
‘‘ဦးသန်းရွှေအနေနဲ့ အရင်လို ငြိမ်နေလို့ မရတော့ဘူး။ သူဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ အင်အားတစ်ခုဖြစ်နေသေးတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ရော နိုင်ငံတကာကပါ ပြန်သတိ ထားမိအောင် ဧည့်သည်
တွေနဲ့ တွေ့ဆုံတာတွေ လုပ်လာတာလို့ သုံးသပ်ရတယ်’’ဟု ၀န်ကြီးဟောင်း ကသုံးသပ်သည်။
ထိုတွေ့ဆုံမှုမတိုင်မီ မြေးမ လေးနှင့် တက်ဘလက်တစ်လုံးကို ကြည့်ရှုနေသည့်ပုံမှာ လူမှုကွန် ရက်စာမျက်နှာထက်သို့ ပျံ့နှံ့ခဲ့ သော်လည်း မည်သည့်အချိန်ကာ လက ရိုက်ကူးထားသည့်ပုံဟု အ တည်ပြုနိုင်သူ ရှားပါးခဲ့သည်။
နောက်ဆုံးပေါ်ထွက်လာချိန် မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးနှင့် နိုဝင်ဘာ ၂၅ ရက်ည က နေပြည်တော်၌ တွေ့ဆုံခြင်း ဖြစ်သည်။
ထိုအချိန်ကာလသည်လည်း အနောက်ဘက် ရခိုင်ဒေသအရေး၊ အရှေ့မြောက်ဘက်ရှိ လက်နက် ကိုင်အရေးတို့ တစ်ပြိုင်နက် ဖြစ် ပေါ်နေချိန်ဖြစ်သည်။
အသက် (၈၅)နှစ်အရွယ် ဦး သန်းရွှေနှင့် (၈၄)နှစ်ရွယ် KNU ဥက္ကဋ္ဌတို့သည် ပထမဆုံးအကြိမ် တွေ့ဆုံကာ ဦးသန်းရွှေအနေဖြင့် ကျန်းမာရေးကောင်းမွန်ပြီး စကား ပြောနိုင်ဆိုနိုင်ကြောင်း KNU အ ထွေထွေအတွင်းရေးမှူးချုပ် ဖဒို စောကွယ်ထူးဝင်းက အတည်ပြုခဲ့ သည်။
‘‘သူ အာဏာရှိတဲ့အချိန်မှာ တစ်ခါမှလည်း မတွေ့ဆုံခဲ့ဖူးဘူး လေ။ တွေ့ခွင့်မရဘူး။ အခုက တော့ သူကလည်း အနားယူ၊ ကျွန် တော်တို့ဥက္ကဋ္ဌကြီးကလည်း သွား နှုတ်ဆက်တာ။ ရှေးဖြစ်နှောင်းဖြစ် တွေ ပြောကြတဲ့သဘောပါ။ နိုင်ငံ ရေးကိစ္စတွေလည်း ဆွေးနွေးတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး အ ကြောင်းတော့ ပြောတာပေါ့။သူကအနားယူတာ နိုင်ငံရေးလည်း မလုပ်တော့ဘူးတဲ့။ ငြိမ်းချမ်းရေး ကတော့ ဟုတ်တယ်တဲ့။ ငြိမ်းချမ်း ရေးရှိမှ နိုင်ငံတိုးတက်မယ်။ ငြိမ်း ချမ်းရေးမရှိတဲ့အတွက် ကျွန်တော် တို့နိုင်ငံဟာ သူများနောက်မှာ နောက်ကျနေတယ်လို့ ပြောတာရှိ တယ်’’ဟု ဦးသန်းရွှေနှင့် KNU ဥက္ကဋ္ဌတို့၏ တွေ့ဆုံမှုအခြေအနေ ကို ဖဒိုစောကွယ်ထူးဝင်းက ပြော ကြားသည်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် နေပြည် တော်ခရီးစဉ်တွင် နိုဝင်ဘာ ၂၅ ရက်၌ သမ္မတဟောင်းဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့နှင့် သီးခြားစီ
တွေ့ဆုံခဲ့ သေးသည်။ ထို့အပြင် နိုဝင်ဘာ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် တွေ့ဆုံခဲ့သည်။
ဦးသန်းရွှေ ထွက်ပေါ်လာပြီး တစ်ပတ်ခန့်အကြာတွင် ရခိုင်ပြည် နယ် မောင်တောဒေသ၌ ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရ မှုများအပေါ် စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ၁၃ ဦးပါသည့် စုံစမ်းစစ် ဆေးရေးကော်မရှင်ကို ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။ တိုက်ဆိုင်စွာပင် ယင်းကော်မရှင်ကို ဦးသန်းရွှေ၏ လူရင်းများ ဦးဆောင်လာသည်။ ကော်မရှင်ဥက္ကဋ္ဌမှာ ဒုတိယသမ္မတ (၁)ဦးမြင့်ဆွေဖြစ်ပြီး အတွင်းရေး မှူးက ဦးဇော်မြင့်ဖေဖြစ်သည်။
ရွှေလယ်တောကော်ဖီဆိုင် နှင့် မနီးမဝေးရှိ ဦးသန်းရွှေ၏ အိမ် တော်မှာ သမ္မတအိမ်တော်၊ လွှတ် တော်အဆောက်အအုံတို့ အနီး တွင် တည်ရှိသည်။ လွှတ်တော် တက်သော တပ်မတော်သား ကိုယ် စားလှယ်ယာဉ်တန်းသည် သူ့အိမ် အနီးကပင် ဖြတ်သန်းသွားလာရ သည်။
နာမည်ဆိုးဖြင့် ကျော်ကြား လင့်ကစား ဦးသန်းရွှေနှင့် တပည့် ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံကို ဆယ်စုနှစ် သုံးခုခန့် အုပ်ချုပ်ခဲ့ ကြသည်။ သူသည် တပ်မတော်ကို နိုင်ငံ၏ အရေးပါသော ကဏ္ဍများ တွင် အခိုင်အမာ တည်ရှိ
နေအောင် ပြုလုပ်ခဲ့ပြီး တပည့်များအား မျက် နှာလွှဲခဲ့သည်။
‘‘ဒီအခြေအနေကို သူကျေ နပ်နေလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူး လွှဲပေးခဲ့တာကိုရောပေါ့’’ဟု မြန် မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနောက်သို့ တပ်မတော် က လိုက်ပါပူးပေါင်းဆောင်ရွက် နေသည်ဟု ဆိုနေကြလင့်ကစား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ ဆိုင်ရာနှင့်ပတ်သက်လျှင် တပ်မ တော်၏ သဘောထားတင်းမာမှုကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးဖြစ် သည်ဟု ၎င်းက ထောက်ပြသည်။
ဦးသန်းရွှေသည် ငါးနှစ် တစ်ကြိမ် ရွေးကောက်ပွဲများအပြီး တွင် တပ်မတော်ကထောက်ခံသူ အစိုးရဖွဲ့နိုင်ရန် လွှတ်တော်၌ တပ် မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ထည့်သွင်းခဲ့သော်လည်း တပည့်များက
ဒေါ်အောင်ဆန်းစုကြည်၏ ဒီချုပ်ပါတီကို မယှဉ်နိုင်ခဲ့ပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူဖြင့် အတိတ်ကိုပြည်ဖုံးကားချခဲ့ သည်။ တစ်ချိန်က သူအတိုက်အခံ လုပ်ခဲ့သူများကို အမေရိကန်ပိတ်ဆို့မှုမှ ဖယ်ရှားစေနိုင်ခဲ့သည်။ ထို့အပြင် လက်ရှိနိုင်ငံရေးအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့် ပိုမိုနီးကပ်လာခဲ့သည်။
အတိုက်အခံဘဝက ရှေ့ဆုံး မှ ကြွေးကြော်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လည်း နောက်သို့ ရွှေ့ထားရသည့် အခြေအနေသို့ ဆိုက်ရောက်နေ ပါသည်။
ဦးသန်းရွှေနှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၁၆ သြဂုတ် ၁၂ ရက်က တွေ့ဆုံ၍ မှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ်
ဓာတ်ပုံ-IDCPC
7day
No comments:
Post a Comment