ဒီဇင်ဘာ ၂၄ ရက် ၂၀၁၆
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် ကျေးရွာတခု အတွင်းသို့ ဒီဇင်ဘာ (၂၄) နံနက်က လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲသဖြင့် ဒေသခံ ကလေး ၄ ဦးနှင့် အမျိုးသမီး ၁ ဦး ထိမှန်သောကြောင့် ကွတ် ခိုင်မြို့နယ် ပြည်သူ့ဆေး ရုံမှတဆင့် လာရှိုးဆေးရုံသို့ ပို့ဆောင်ကုသရကြောင်း ဒေသခံများက ပြောသည်။
၂၀၁၆ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်က ကွတ်ခိုင်မြို့နယ် ပြည်ထောင် စုလမ်းမ ပေါ်ရှိ နမ့်ဖတ်ကာ ကျေးရွာ အုပ်စုဝင် နန့်ဖတ်လွန်းကျေးရွာ အတွင်းရှိ နေအိမ်တစ်အိမ်ပေါ်သို့ အဆိုပါ လက်နက်ကြီးကျည် ကျရောက် ပေါက် ကွဲပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၂ ဦး၊ အသက် ၁၀ နှစ် အရွယ်ခန့် ၂ ဦး နှင့် အသက် ၅၀ ၀န်းကျင်ရှိ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိကြောင်း ဒေသခံရွာသားများပြောပြချက်အရသိရသည်။
“ရွာထဲကို ပစ်တာ နံနက် ၉ နာရီခွဲ လောက်ကလို့ပြောတယ်။ ဆေးရုံရောက် တာက ၁၁ နာရီကျော်ပြီ။ လူနာတွေအကုန်လုံးကို လာရှိုးကို လွှဲလိုက်ပြီ။ မွန်းလွဲ ၁ နာရီတုန်းက လွှဲလိုက် တာ” ဟု ကွတ်ခိုင်မြို့ကျန်းမာရေး ၀န် ထမ်းတဦးက ပြောသည်။
အဆိုပါဒေသအတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်အကြား တိုက်ပွဲများ ဖြစ်ပွားနေ လျက်ရှိသည်။
အနီးအနား ကျေးရွာများမှ ဒေသခံများကလည်း ကွတ်ခိုင်မြို့ပေါ်သို့ ရှောင်တိမ်းခြင်းများ ရှိကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် - စိုင်းအောင်ဆိုင်း
Panglong(Burmese)


No comments:
Post a Comment