Monday, December 5, 2016

ဘင်္ဂါလီအရေး မလေးရှား ဝန်ကြီးချုပ် ဦးဆောင်ဆန္ဒပြခြင်းအပေါ် မြန်မာနိုင်ငံရှိ အစ္စလာမ် လူမှုရေးအဖွဲ့များ ရပ်တည်ချက် ထုတ်ပြန်သွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ် ဝင်ရောက်စွက်ဖက်နေခြင်းကို မြန်မာနိုင်ငံရှိ အစ္စလာမ် လူမှုရေးအဖွဲ့များက အစည်းအဝေး ပြုလုပ်၍ ရပ်တည်ချက်ကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အစ္စလာမ် လူမှုရေးအဖွဲ့များထံမှ သိရသည်။

“မလေးရှား ဝန်ကြီးချုပ်က အာဆီယံနိုင်ငံကနေ မြန်မာနိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်တာကတော့ မကြိုက်ဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်တယ်” ဟု Socialalliances အဖွဲ့ခေါင်းဆောင် မဒါလီမြင့်က ပြောသည်။

အစ္စလာမ် လူမှုရေးအဖွဲ့များသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး မြန်မာနိုင်ငံရှိ အစ္စလာမ်များ၏ ရပ်တည်ချက်များကို ဆွေးနွေးသွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အစိုးရက အစ္စလာမ် ဘာသာဝင်များကို သတ်ဖြတ်နေသည်ဟု စွပ်စွဲချက်များဖြင့် မလေးရှားနိုင်ငံ မြန်မာနိုင်ငံသံရုံးရှေ့၌ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင်၍ ဒီဇင်လာ ၄ ရက်က လူထောင်နှင့်ချီ ဆန္ဒပြခဲ့သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်နေခြင်းသည် အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်နေကြာင်း မြန်မာအစိုးရက တုန့်ပြန်ခဲ့သည်။

No comments:

Post a Comment