Thursday, December 15, 2016

ပြောက်ကျားယူနီဖောင်းပိတ်စများနှင့် လက်လုပ်မိုင်းများသိမ်းဆည်းရမိ


 


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် လိပ်အိုင်ရွာ အနီးပတ်ဝန်းကျင်၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဓနိတောအတွင်း ဝှက်ထားသည့် အလျား ၉၀၊ အနံ ၄ပေခွဲရှိ ပြောက်ကျားယူနီဖောင်းစပိတ်အုပ် ၂ အုပ် ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။


ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မယင်းတောင်နှင့် မျောတောင်အနီး တောင်ကုန်းများအား ရှင်းလင်းရာခြုံအတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အသက်သွင်းပြီး လက်လုပ်မိုင်း ၂လုံး ၊ မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် ကားပင်စတင် ၄လုံးတို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment