Posted: December 24, 2016
မြန်မာပြည်လူထု ကျန်းမာရေးအတွက် အရည်အသွေး အာမခံချက်မရှိသော ငရုတ်သီးနှင့် မဆလာများ အများအပြား တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဈေးကွက်တွင် ရောင်းချလျက်ရှိသည့် ငရုတ်သီးမှုန့်၊ မဆလာများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ အစားအသောက် ထုတ်လုပ်ခြင်း၊ ထောက်ခံချက် ရရှိထားခြင်းမရှိသဖြင့် ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် အရည်အသွေး အာမခံချက် မရှိကြောင်း ပြည်သူလူထုသို့ အသိပေးကြေညာထားသည်။
အဆိုပါကြေညာချက်တွင် ပစ်တိုင်းထောင်၊ ရွှေကျီး၊ ရွှေကျောက်ဆည်၊ စပယ်ဦး၊ ရွှေ၊ ရွှေထီ၊ မြ၀တီ၊ စိန်၊ ကောင်းကောင်း၊ ကရ၀ိတ်၊ ရွှေမြင့်မိုရ်၊ နန်းတော်၊ ကောင်းမွှေး၊ နန်းဆန်သူ၊ လူရိုင်းခေါင်း၊ ဒေါ်ဖြူ၊ မီးမီးလေး၊ ရွှေပြည်အောင်၊ ကြူမွှေး၊ အောင်ရဲထက် တို့သည် ကျန်းမာရေးအတွက် အရည်အသွေး အာမခံချက်မရှိသည့် ငရုတ်သီးမှုန့်နှင့် မဆလာများဖြစ်ကြောင်း ဖော်ပြထားသည်။
“ဒီခေတ်ကလည်း ဘယ်ဟာပဲ ၀ယ်ပြီး စားသုံးပါစေ အတုနဲ့ လုပ်ငန်းရှင်တွေရဲ့ လောဘကြောင့် အမျိုးမျိုးပြုပြင်ထားတဲ့ စားသောက်ကုန်တွေက လွတ်ကို မလွတ်နိုင်ပါဘူး။ လူတွေလည်း စားသောက်ရတာ အစားအသောက်မဟုတ်ဘဲ အဆိပ်တွေ စားနေရသလိုပါပဲ။ ISO လက်မှတ် ရထားတာတွေလည်း ယုံကြည်လို့မရဘူး။ မနက်က ငရုတ်သီးမှုန့်စက်ရုံတစ်ခု မှိုအဆိပ်တွေ တွေ့လို့ဆိုပြီး MNTV သတင်းမှာ ပါလာသေးတယ်။ တိုက်ဆိုင်ချင်တော့ အိမ်မှာ ၀ယ်သုံးတဲ့တံဆိပ်ကလည်း အဲ့ဒီ ISO လက်မှတ်ရ မှိုအဆိပ်ပါ ငရုတ်သီးမှုန့် ဖြစ်နေတယ်ဗျ” ဟု ရန်ကုန်မြို့နေ ကိုမောင်က ပြောသည်။
The Ladies News
No comments:
Post a Comment