တနင်္သာရိတိုင်းဒေသကြီး မြို့နယ်မှာ သိမ်းဆည်ခံလယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ ဒီကနေ့နံနက်မှာ မြိတ်မြို့ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး မြေသိမ်းခံတောင်သူတွေက သိမ်းဆည်းခံလယ်ယာမြေတွေ အမြန်ပြန်လည်ရရှိရေး၊ မြေယာမှတ်ပုံတင်ခွင့်ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့ ကြတာပါ။
မြေယာလျော်ကြေး၊ နစ်နာကြေးတွေကို ဥပဒေနဲ့အညီ မှန်ကန်ရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ အကောင်အထည်မဖော်ဖြစ်တဲ့ ကျောက်ဖျာမြို့သစ်စီမံကိန်းကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
ဒါ့အပြင် မြို့သစ်စီမံကိန်းကြောင့် ပျက်စီးသွား ရတဲ့ အထူးယာကြီးရွာ ပြန်လည်ရရှိရေးကိုလည်း ဆန္ဒပြတောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
MCN
No comments:
Post a Comment