ရဲဘော်ရဲဘက်ဟောင်းတစ်ယောက်နဲ့
ဖုန်းပြောဖြစ်တယ်
တိုက်ပွဲတွေအကြောင်းပြောဖြစ်ကြရင်း
ငြိမ်းချမ်းရေးရဖို့မလွယ်ကြောင်းသူကပြောတယ်
ကျနော်ကပြန်ရှင်းပြလိုက်တယ်
(ငြိမ်းချမ်းရေးလိုချင်ရင်အခုသူပုန်တွေကို
ထောက်ပံ့နေတဲ့အရင်းအမြစ်တွေဖြတ်ရမှာကွ
ဟိုတုန်းကတော့ကျွန်းသစ်တို့၊မှောင်ခိုပစ္စ္စည်းတို့
ကျောက်စိမ်းတို့ပေါ့ကွာ
အဲဒါတွေကနည်းသွားပြီ၊လုပ်ဖို့မလွယ်တော့ဘူး
အခုသူတို့ကိုအကြီးအကျယ်ထောက်ပံ့နေတာက
မူးယစ်ဆေးဝါးပဲ
မူးယစ်ဆေးဝါးသာအမြစ်ပြတ်ပါစေ
သောင်းကျန်းသူတွေတစ်နှစ်မခံပါဘူး
ရခိုင်ကAA ဆိုတာဘာ့ကြောင့်ရှမ်းမြောက်ရောက်နေရလဲ
အခုကြည့်လေ၊ရခိုင်ဘက်မှာမူးယစ်ဆေးဝါးတွေ
ဘယ်လောက်များများမိလာပြီလဲ
တွက်ကြည့်ပေါ့ကွာ
ဒါ့ကြောင့်အဲဒီသောင်းကျန်သူတွေကို
အကြမ်းဖက်အဖွဲ့လို့သတ်မှတ်တဲ့အပြင်
မူးယစ်ရာဇာတွေဖြစ်တဲ့အကြောင်းသက်သေပြနိုင်ဖို့လိုတယ်
ဒူတာတေးလိုတောင်ခတ်ကြမ်းကြမ်းကိုင်ရမှာ
မူးယစ်ကိုဖြတ်နိုင်ရင် UWSA လဲမခံနိုင်ဘူးကွ
အစိုးရကလုပ်ရဲဖို့ပဲလိုတာပါကွာ)
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, December 11, 2016
ဒူတာတေးလိုတောင်ခတ်ကြမ်းကြမ်းကိုင်ရမှာ မူးယစ်ကိုဖြတ်နိုင်ရင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment