Wednesday, December 14, 2016

စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်



( စက်သုံးဆီ ဖြည့်နေသည်ကို တွေ့ရစဉ် )Photo: Wikipediaပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ဒီဇင်ဘာလဆန်းပိုင်းကစပြီး တဖြည်းဖြည်းမြင့်တက်လာရာ ဒီကနေ့ အောက်တိန်းဆီ တစ်လီတာကို ကျပ် ၇၀၀ ကျော်အထိ ဈေးမြင့်တက်နေပါတယ်။

ကမ္ဘာ့ရေနံဈေးနဲ့ ပြည်တွင်းက ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်နေတာကြောင့် အခုလိုတက်နေရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက ဦးစိုင်းဝမ်းလှိုင်က ပြောပါ တယ်။

'' စက်သုံးဆီဆိုတာ နိုင်ငံခြားကသွင်းရတဲ့အတွက် နိုင်ငံခြားငွေလဲနှုန်းအရမ်းတက်သွားပါတယ်ခင်ဗျ၊ ကမ္ဘာ့ရေနံဈေးနှုန်းလည်း အရမ်းတက်သွားလို့ပါခင်ဗျ၊ ပြီးခဲ့တဲ့ ၁၁ လ ပိုင်းတုန်းက ၁၃၃၀ ပတ်ခြာ လည်ဖြစ်မယ်ထင်တယ် တစ်ဒေါ်လာငွေလဲနှုန်း ဒီလမှာကျတော့ ၁၃၈၅ / ၉၀ လောက်တက်လာသလို ကမ္ဘာ့ရေနံဈေးကလည်း ပြီးခဲ့တဲ့လက ရေနံတစ်စည်ကို ဒေါ်လာနဲ့ဆိုရင် ၄၃/၃၃ လောက်ပဲရှိတယ်၊ အခုက ၅၆ ထိ တက်လာတယ်ဆိုတော့ ၁၀ ရာခိုင်နှုန်းလောက် တက်လာပါတယ်''

ပြီးခဲ့တဲ့လက အောက်တိန်းဆီတစ်လီတာကို ကျပ် ၅၄၀ ဝန်းကျင်သာရှိခဲ့ပြီး ဒီဇယ်တစ်လီတာကို လည်း တစ်လီတာ ကျပ် ၅၄၀ လောက်ကနေ မနေ့က ပေါက်ဈေးအရ ကျပ် ၆၈၀ အထိ ရောင်းချနေရ တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ကမ္ဘာ့ရေနံဈေး တစ်စည်ကို ၄၄ ဒေါ်လာလောက်သာရှိခဲ့ရာကနေ အခုဆိုရင် ၅၆ ဒေါ်လာ အထိရှိနေတယ်လို့ ပြောပါတယ်။

ပြည်တွင်းဒေါ်လာလဲလှယ်နှုန်းကလည်း ပြီးခဲ့တဲ့လက တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၀ ဝန်းကျင်ကနေ အခုဆိုရင် မြန်မာငွေ ၁၃၈၅ အထိ မြင့်တက်နေတာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment