Saturday, December 24, 2016

အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) ကာလတို သင်တန်းများအတွက် သင်တန်းသားသစ်ခေါ်ယူ

ပညာရေးဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်) တွင် အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်း၊ အီလက်ထရောနစ် အခြေခံ ကျွမ်းကျင်မှုသင်တန်း၊ အခြေခံ ဂဟေဆက်သင်တန်း၊ အခြေခံ ကွန်ပျူတာသင်တန်း ကာလတို သင်တန်းများကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအား မူလတန်းအောင်မြင်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၀ မကျော်လွန်သူ မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်လွှာနှင့် အတူ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတစ်စောင်၊ လိုင်စင်ဓာတ်ပုံ ၃ ပုံ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် ရဲစခန်းမှ ထောက်ခံစာမူရင်းများကို တင်ပြ လျှောက်ထားရမည်ဖြစ်သည်။

လျှောက်လွှာများကို ဒီဇင်ဘာလ ၁၆ ရက်မှစတင်ကာ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) တွင် ရယူနိုင်မည်ဖြစ်ပြီး ဇန်နဝါရီလ ၁၆ ရက် နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်သည်။

သင်တန်းအား မည်သူမဆို လျှောက်ထားနိုင်ပြီး သင်တန်းအမှတ်စဉ် (၁) မှ (၃) အထိကို သင်တန်းတစ်ခုလျှင် ၁၅ ဦးနှင့် သင်တန်း အမှတ်စဉ် (၄) တွင် သင်တန်းသားဦးရေ ၃၀ သာ လက်ခံသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကြေးအခမဲ့ဖြစ်ကာ လျှောက်ထားလိုသူများအနေဖြင့် ဖုန်း - ၀၉၄၄၈၅၃၆၂၀၀၊ ၀၆၇-၄၀၁၄၂၅၊ ၀၆၇-၄၀၁၄၂၆ သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်မည် ဖြစ်သည်။
Internet Journal

No comments:

Post a Comment