ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံပေးစာ
++++++++++++++++++
ဦးဖြိုးမင်းသိန်းရေ ...
လမ်းဘေးဈေးသည်တွေနဲ့ပတ်သတ်ပြီး ...
စိတ်မကောင်းစရာ ထပ်ပြီး ကြားရပြန်ပြီဗျာ ...!
ပြီးခဲ့တဲ့ သောကြာနေ့က ..
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို လမ်းဘေးဈေးသည်တွေနဲ့ သူတို့မိသားစုဝင်တွေက ဆန္ဒပြတယ် ... !
အဲဒါကို ..
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ...
မကျေနပ်ဘူးးး ..!
မကျေနပ်တော့ ...
မပြောင်းရသေးတဲ့ ဈေးသည်တွေကို လာမဲ့အပတ်မှာ အကုန်ဖမ်းမယ်ဆိုပြီး လုပ်ထားတယ်လို့ သိလိုက်ရပါတယ်ဗျာ ..!
အားလုံးကို ဖမ်းလိုက်ရင် ...
လမ်းဘေးဈေးသည်တွေ ရှင်းသွားမယ်ဆိုတာတော့ ဝန်ကြီးချုပ်မပြောနဲ့ မူလတန်းကလေးတောင် တွေးတတ်ပါတယ် ..!
ဒါပေမဲ့ ..
ဝန်ကြီးချုပ်ထဲ့ မတွေးနိုင်တာက ...
လမ်းဘေးဈေးသည်တွေရဲ့ လက်ရှိအခြေအနေနဲ့ အနေအထားပါ ..!
ဦးဖြိုးမင်းသိန်းသိအောင် ပြောပြရမယ်ဆိုရင် ...!
လမ်းဘေးဈေးသည်တွေမှာ...
Group နှစ်ခု ရှိတယ်ဆိုတာတော့ ပထမဦးဆုံးအနေနဲ့ ဝန်ကြီးချုပ်သိထားသင့်တယ် ...!
ပထမ Group က ...
ကမ်းနားလမ်းကို ရွေ့ပြောင်းရင် စီးပွားရေးအရ သိပ်မထိခိုက်နိုင်မဲ့ Group ..!
အဲဒီ Group မှာ ...
သစ်သီးသည်တွေ .. ပန်းသည်တွေ ..အထည်သည်တွေ ... ဝက်အူချောင်းသည်တွေ ... အသားခြောက် ငါးခြောက် ရောင်းတဲ့အသည်တွေပါတယ် ..!
အဲဒီအသည်တွေဟာ ...
ဒီနေ့ ရောင်းမကုန်တဲ့ ကုန်ပစ္စည်းတွေကို နောက်နေ့ ... နောက်နေ့တွေမှာ ဆက်ပြီးရောင်းလို့ရသေးတယ် .. အဲဒီအတွက် စီးပွားရေးအတွက် အရေးအကြီးဆုံး Product Cost တွက်ချက်တဲ့အခါမှာ အခြားဆိုင်တွေထက် Waste နဲပါး ပါတယ် ..!
ဒီတော့ ...
အဲဒီအုပ်စုက အသည်တွေက ကမ်းနားလမ်းဘက်ကို ပြောင်းသွားကြတယ် ..!
ဒုတိယ Group ..
ဒီ Group မှာကတော့ ထမင်းသည်တွေ .. အစုံသုတ်သည်တွေ .. နာရီသည်လေးတွေ .. သော့သည်လေးတွေ မျက်မှန်သည်လေးတွေ အစသဖြင့် ပါကြပါတယ် ..!
အဲဒီအုပ်စုက ..
ကမ်းနားလမ်းကို မပြောင်းချင်ကြပါဘူး ..!
ဘာလို့ မပြောင်းချင်သလဲ ဆိုရင်တော့ ..
ကမ်းနားလမ်းမှာ သူတို့အတွက် ဝယ်လိုအားဆိုတာ မရှိဘူးဆိုတာ သူတို့သိနေလို့ဘဲ ..!
((( ဝန်ကြီးချုပ်နားလည်နိုင်မဲ့ စကားနဲ့ပြောရမယ်ဆိုရင်တော့ ..
ကမ်းနားလမ်းမှာ သူတို့ဆီကို ဈေးလာဝယ်မဲ့လူ မရှိလို့ဘဲ ..!)))
ထမင်းသည်နဲ့ အသုတ်သည်တွေဟာ ...
သူတို့မူလရောင်းနေတဲ့ အနားက ရုံးတွေ အလုပ်ရုံတွေ Supermarket တွေ Minimarket တွေ လမ်းသွားလမ်းလာတွေကို အမှီပြုပြီး ရောင်းနေရတာလောက်လေးဆိုတာကိုတော့ ဝန်ကြီးချုပ်အနေနဲ့ အနည်းဆုံးသိထားသင့်ပါတယ်..!
အဲဒီထမင်းဟင်းရောင်းနေတဲ့ ဆိုင်လေးတွေ ကမ်းနားလမ်းကို ပြောင်းသွားတယ်ဆိုရင် သူတို့ဆီမှာ နေ့စဉ်စားနေကြ ဖေါက်သည်တွေဟာ ကမ်းနားလမ်းအထိ ဘယ်သူမှ လိုက်ပြီး မစားကြပါဘူး ..!
တကယ်တော့ ..
ထမင်းဟင်းဆိုတာ တစ်ရက်ဘဲ အထားခံတာပါ .. ကမ်းနားလမ်းမှာ လာစားမဲ့သူမရှိဘူးဆိုရင်တော့ ညဘက် သွန်ပြစ်ဖို့ဘဲ ရှိပါတော့တယ် ..!
အဲဒါဆိုရင် ..
Food Waste တွေများလာပြီး Food Cost တွေ မတရားမြင့်တက်လာပါလိမ့်မယ် .. ပြီးရင် အရင်းပြုတ်ပြီး စီးပွားပါပျက်သွားကြပါလိမ့်မယ် ဆိုတာလေးတော့ ဝန်ကြီးချုပ်အနေနဲ့ သိထားသင့်ပါတယ် ..!
ဒါကြောင့် သူတို့တွေဟာ ...
သူတို့စီးပွားပျက်ပြီး အခြေမဲ့ အနေမဲ့ဖြစ်သွားစေမဲ့နေရာကို မပြောင်းချင်ကြတာပါဆိုဆာကို ဝန်ကြီးချုပ်အနေနဲ့ နားလည်သင့်ပါတယ်..!
အလားတူဘဲ ...
လမ်းဘေးမှာ ခင်းပြီး လမ်းသွားလမ်းလာတွေကိုဘဲ အားပြုနေရတဲ့ သော့ .. နာရီ .. မျက်မှန်ဆိုင်အသေးစားလေးတွေဟာလဲ ကမ်းနားလမ်းကို ဘယ်လိုမှ ပြောင်းဖို့ အဆင်မပြေနိုင်ကြပါဘူးးး ..!
ဒီလိုအခြေအနေမျိုးမှာ ...
ရှိသမျှဆိုင်အားလုံးကို ကမ်းနားလမ်းကို အတင်းအကြပ် အမိန့်အာဏာနဲ့ ဖိအားပေးပြီး ပြောင်းခိုင်းခြင်းဟာ တရားမျှတတဲ့ လုပ်ဆောင်မှုမဟုတ်သလို မှန်ကန်သင့်လျှော်တဲ့ အဖြေမှန်တစ်ခု ဖြစ်လာမှာလဲ မဟုတ်ပါဘူးး..!
ဒါကို ...
မိမိကို ဆန္ဒပြတယ်ဆိုတဲ့ ကိစ္စကိုရှေ့တန်းတင်ပြီး မပြောင်းသေးတဲ့ ဆိုင်တွေအားလုံးကို ဖမ်းဆီးအရေးယူမယ်ဆိုရင်တော့ အခြေခံလူတန်းစားဖြစ်နေတဲ့ အဲဒီဈေးသည်တွေနဲ့ သူတို့မိသားစုဝင်တွေအများအပြားဟာ တော်တော့ကို ဒုက္ခရောက်သွားလိမ့်မယ်ဆိုတာတော့ ဝန်ကြီးချုပ်သိထားသင့်ပါတယ် ..!
နောက်တစ်ခုရှိသေးတယ် ..
အဲဒါက ...
မြို့တော်စည်ပင်ဝန်ထမ်းတွေနဲ့ မြို့တော်ဝန်ရဲ့ အခြေအနေပါ ..!
မြို့တော်ဝန်ဟာ ...
ဒီလမ်းဘေးဈေးသည်တွေရဲ့ ကိစ္စမှာ အတွေ့အကြုံမရှိပါဘူး..!
သို့သော် ..
မြို့တော်စည်ပင်ဝန်ထမ်းတွေဟာ ဒီကိစ္စမှာ အတွေ့အကြုံ အများကြီးရှိပါတယ် ..!
ဒါကြောင့် ...
စည်ပင်ဝန်ထမ်းတွေဟာ သင့်တော်ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို ဒီကိစ္စမှာ သူတို့ရဲ့ မြို့တော်ဝန်ကို ပေးကြပါတယ်..!
သို့သော် ..
မြို့တော်ဝန်က ဝန်ကြီးချုပ်ကို တင်ပြတဲ့အခါမှာ ဝန်ကြီးချုပ်ဟာ မြို့တော်ဝန်တင်ပြတာတွေကို လက်မခံဘဲ .. သူ့ဘေးနားက မြောက်ထိုးပင့်ကော် လုပ်နေတဲ့ လူတွေရဲ့ အကြံပေးချက်တွေအတိုင်းသာ လုပ်ခဲ့ပါတယ် ..!
နောက်ဆုံးတော့ ...
အခြေခံလူတန်းစားတွေဖြစ်ကြတဲ့ လမ်းဘေးဈေးသည်တွေဘဲ System စနစ်တကျမရှိဘဲလုပ်ထားတဲ့ အမျှော်အမြင်မရှိတဲ့ Project ရဲ့အောက်မှာ အခုလိုဒုက္ခတွေ ရောက်ခဲ့ကြတာပါ ..!
ဝန်ကြီးချုပ်ကို အဓိကပြောချင်တာကတော့ ...
ရန်ကုန်မြို့ဆိုသည်မှာ ...
ဝန်ကြီးချုပ်မွေးထုတ်ပေးရေးကျောင်း မဟုတ်ပါ ...!
ရန်ကုန်မြို့သူများတွေဆိုတာ ...
ဝန်ကြီးချုပ်မွေးထုတ်ပေးရေးကျောင်းက ဝန်ကြီးချုပ်ရဲ့ လေ့ကျင့်စေဖို့ သရုပ်ပြအရုပ်ကလေးတွေ မဟုတ်ဘူးဆိုတာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ သိစေချင်ပါတယ် ...!
( ဒီလောက်ကလေးပါဘဲ )
သင့်ရဲ့မိတ်ဆွေကြီး
ခိုင်ဇော်
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment