အရာတော်မြို့ ရွှေဘို-မုံ ရွာကားလမ်း အမှတ်(၃)ရပ်ကွက် အနီးတွင် အငြိမ့်အဖွဲ့ကို တင် ဆောင်လာသော ဒိုင်နာယဉ်တစ် စီး ရှေ့ဘီးပေါက်၍ လမ်းဘေး သစ်ပင်ကို ဝင်တိုက်ရာမှ ယာဉ် ပေါ်လိုက်ပါလာသူ ရှစ်ဦးဒဏ်ရာ ရရှိကြောင်း အရာတော်မြို့နယ် မြို့မရဲစခန်းမှ သတင်းရရှိသည်။
‘‘အမျိုးသားနှစ်ဦး၊ အမျိုးသမီး ခြောက်ဦး၊ စုစုပေါင်းရှစ်ဦးဒဏ် ရာရရှိခဲ့ပါတယ်။ ပြင်းပြင်းထန် ထန်ဒဏ်ရာရရှိသူမရှိပါဘူး။ ဒဏ်ရာရရှိသူအားလုံး မစိုးရိမ်ရပါဘူး’’ ဟု အရာတော်မြို့နယ် မြို့မစခန်းမှူးက ပြောသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့နယ် ချီ ပါ(တောင်)ကျေးရွာနေ အသက်(၅၄)နှစ်အရွယ် အမျိုးသားမောင်း နှင်သည့် မစ်ဆူဘီရှီဒိုင်နာယာဉ် သည် ဒီဇင်ဘာ ၂ ရက် ညနေ ၅ နာရီ မိနစ် ၃၀ တွင် ရွှေဘို-မုံရွာကားလမ်းအတိုင်း မုံရွာမြို့မှ ရွှေဘိုမြို့သို့ မောင်းနှင်လာစဉ် အရာတော်မြို့ အမှတ်(၃)ရပ်ကွက်သို့အရောက် ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့သည်။ ယာဉ်မတော်တဆမှုကြောင့် အမျိုးသား
နှစ်ဦး၊ အမျိုးသမီး ခြောက်ဦးထိ ခိုက်ဒဏ်ရာရခဲ့သဖြင့် အရာတော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါယာဉ်မတော်တဆ မှုနှင့်ပတ်သက်၍ ယာဉ်မောင်းအ မျိုးသားကို အရာတော်မြို့နယ် မြို့မရဲစခန်းက ရာဇသတ်ကြီးဥပ ဒေပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
7day
No comments:
Post a Comment