Monday, December 5, 2016

ကြက်အရှင်ဈေးကျလည်း ကြက်သားဈေး မကျ

ဈေးကွက်အတွင်း ရောင်းချနေသော အသားတိုးကြက်နှင့် မြန်မာကြက်များ (ဓာတ်ပုံ − ကျော်ဇင်သန်း)

အသားတိုးကြက်အရှင် ဈေးနှုန်းသည် နိုဝင်ဘာ နောက် ဆုံးပတ်က တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ ခန့် ဈေးကျဆင်းသော်လည်း ဈေးကွက်တွင် ကြက်သားဈေးနှုန်း ကျဆင်းမှုမရှိကြောင်း သတင်းရရှိ သည်။

ကြက်အရှင် ဈေးနှုန်းသည် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် ကြက်ဘဲဒိုင်၌ နိုဝင်ဘာ ၁၁ ရက် က တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ မှ ဒီဇင်ဘာ ၁ ရက်တွင် ကျပ် ၂,၅၅၀ သို့ ကျဆင်းသော်လည်းရပ်ကွက်ဈေးများတွင် ကြက်သားတစ်ပိဿာလျှင် ကျပ် ၆,၀၀၀ အောက် သို့မကျကြောင်း စုံစမ်းသိရသည်။

‘‘ရန်ကုန်မြို့က ဖြစ်တဲ့ဈေး နှုန်းက နယ်မြို့တွေအပေါ်ပါ ရိုက် ခတ်တယ်။ ၁၀၀၊ ၂၀၀ လောက် ဆိုရင် တော်သေးတယ်။ တစ်နှစ် မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက် အပြောင်းအလဲ ဖြစ်တယ်ဆိုရင် လည်း တော်သေးတယ်။ အခုက ဒီရက်လေးအတွင်းမှာ ရန်ကုန်မှာ ကုန်ဝင်များလို့ ဈေးနှုန်းကို တောက် လျှောက်ကျတာ ၁,၀၀၀ လောက် ကွာတော့ ကျွန်တော်တို့ မွေးတဲ့သူ တွေပဲနစ်နာတာပေါ့’’ဟု မြောင်းမြ မြို့နယ်တွင် အသားတိုးကြက် ကောင်ရေ ၁,၀၀၀ မွေးမြူထား သော ဦးခင်မောင်ဝင်းက ပြော ကြားသည်။

ကြက်သားပေါက်ဈေးနှုန်း နှင့် အစာဈေးနှုန်း အပြောင်းအ လဲဖြစ်ပေါ်ခြင်းထက် ကြက်အရှင် ပြန်ရောင်းချိန်တွင် ဈေးနှုန်းအ တက်အကျ ပြောင်းလဲခြင်းက အ သားတိုးကြက်မွေးမြူသူများ၏ စီး ပွားရေးကို ထိခိုက်စေကြောင်း ရန်ကုန်မြို့ရှိ အသားတိုးကြက် မွေးမြူသူတစ်ဦးက ပြောသည်။

 ‘‘ကျွန်တော့် ကြက်ခြံက နိုဝင်ဘာကုန်မှာ တစ်သုတ်ရောင်း တော့ တစ်ပိဿာ ကျပ် ၂,၆၅၀ ဈေးနှုန်းပဲရတယ်။ ဒီနေ့ရောင်း တော့ ကျပ် ၂,၈၀၀ ရတယ်။ အဲဒီ လိုဖြစ်နေတာထက် ဈေးနှုန်းတည် ငြိမ်ပြီး တစ်သုတ်မွေးရင် ဘယ် လောက်ရမယ်ဆိုတာမျိုး ဖြစ်နေ စေချင်တယ်။ အားလုံးဝိုင်းဝန်း အဖြေရှာစေချင်တယ်’’ ဟု အ ထက်ပါပုဂ္ဂိုလ်က ပြောသည်။

အသားတိုးကြက်အရှင်ဈေး နှုန်း အတက်အကျကြောင့် ကြက် မွေးမြူရေး လုပ်ကိုင်သူများ အ ခက်အခဲဖြစ်ပေါ်နေပြီး စားသုံးသူ များလည်း ကြက်သားဈေးနှုန်းကျဆင်းမှုကို မခံစားရသေးကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments: