========================================================
( ကိုးကားမူရင်းသတင်းအား၊ ပထမဆုံး ကွန်မင့်ဘောက်စ်တွင် ရှု့ပါရန် )
( ဒီ-၁၂၊ ၂၀၁၆ ) မြန်မာနိုင်ငံအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေးနှင့်ပတ်သက်၍ ဒေသတွင်း အားရည်ရွယ်လျှက် ဆွေးနွေးပြောကြားရန် အာဆီယံနိင်ငံခြားရေးဝန်ကြီးများအား မကြုံစဖူးထူးခြားစွာ ဖိတ်ခေါ်ခြင်းဖြင့် တုန့်ပြန်လိုက်ကြောင်း ယနေ့ NIKI ASEAN REVIEW ၀ဘ်ဆိုဒ်တွင် ရေးသားထားကြောင်းတွေ့ရှိရသည်။
ဘန်ကောက်အခြေစိုက် အဆိုပါသတင်းမီဒီယာ၏ အာဆီယံကဏ္ဍတွင် သတင်းထောက် ကီဗီ ချွန်တီတာဘွန်က သတင်း ပေးပို့ရာ၌ အင်ဒိုနီးရှား-ဘာလီ ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင် အာဆီယံအစည်းအဝေး၌တက်ရောက်လျှက်ရှိသော မြန်မာ နိုင်ငံ အာဆီယံရေး ရာညွှန်ကြားရေးမှူး ဦးမြင့်သူ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၉ -ရက်နေ့ ရန်ကုန် မြို့ တွင်ကျင်းပမည့် ၄င်းအထူးဆွေးနွေးပွဲသည် မြန်မာနိုင်ငံအရေးကိစ္စအတွက် အခြားနိုင်ငံများနှင့် ပထမ ဆုံးအကြိမ် တွေ့ဆုံ ခြင်းဖြစ်သည်ဆို၏။ သိမ်မွေ့လှသော အဆိုပါအစည်းးအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီး နှင့်အတူ အာဆီယံ အဖွဲ့ အတွင်း ရေးမှူးချုပ်လည်း တက်ရောက်မည်ဖြစ်ကြောင်းသိရှိရသည်။
လွန်ခဲ့သည့် အောက်တိုဘာ ၉-ရက်နေ့ မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားဒေရှ့်နယ်စပ်အနီး မောင်တောတွင် ဒေသခံ အစ္စလာမ်စစ်သွေးကြွများက မြန်မာနယ်ခြားစောင့်တပ်များအား အကြမ်းဖက်စီးနင်းသတ်ဖြတ်ပြီး၊ လက်နက်များ သိမ်းယူ သွားခြင်းဖြင့် နယ်မြေမငြိမ်သက်မှူ့များဖြစ်ပေါ်လာခြင်းဖြစ်သည်။ သိမ်းယူသွာသော လက်နက်များပြန်လည်ရရှိရေး၊ အကြမ်းဖက်သမားများအားရှာဖွေဖမ်းဆီရေး၊ နယ်မြေတရားဥပဒေစိုးမိုးရေးအတွက် မြန်မာတပ်မတော်က ဆောင်ရွက် ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှု့များရှိကြောင်း ပြည်ပသတင်းမီဒီယာအချို့ ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ မလေး ရှားဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့က စွပ်စွဲခဲ့ကြသည်။ ထိုသို့သောအခြအနေများအတွက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအား မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်အဖြစ်သတ်မှတ်ခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူ ဆွေးနွေးခြင်းဖြစ်သည်ဟု Central News Bureau ( CNB ) မှ သတင်းပေးပို့ကြောင်း ရေးသားထားသည်။
( အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင် အာရှ ၁၀-နိုင်ငံရှိပြီး၊ လက်ရှိအထွေထွေအတွင်းရေးမှူးချုပ်မှာ လောနိုင်ငံခေါင်းဆောင်ဖြစ်သည်)
Photo:- AP, Wikipedia
No comments:
Post a Comment