Monday, December 12, 2016

ဆွမ်းကွမ်းမပြည့်စုံလို့  တနှစ်ကို လေးငါးသောင်း လူထွက်နေတာဟာ သာသနာပျောက်ကွယ်မဲ့အရေးပါ

သူ့ တို့ အဖေပိုက်ဆံ သူတို့ သုံးပါစေလား
--------------------------------------------

မြန်မာနိုင်ငံက တန်ခိုးကြီးဘုရားတွေကနေ
လုတွေရဲ့သဒ္ဓါအလျှောက် လှူတန်းလို့ ရတဲ့
ငွေတွေဟာ အင်မတန် မြာပြားလှပါတယ်

စဉ်းစားစရာကောင်းတာက
အဲဒီငွေတွေကို ဘယ်နေရာမှာပြန်ပြီးအသုံးချသလဲ

အဲဒီငွေတွေကို နိုင်ငံတော်တိုးတက်ဖို့ အတွက်
အသုံးချတာဆိုရင်တော့
အလွဲကြီး လွဲပြီ
လူတွေရဲ့သဒ္ဓါတရားကနေဖြစ်ပေါ်လာတဲ့အတွက်
တခြားနေရာတွေမှာ အသုံးမချသင့်ပါဘူး

ဒါဆိုရင်  အဲဒီငွေတွေကို ဘုရားကျောင်းကန်ပြုပြင်ဖို့  သာသနိက အဆောက်အဦးတွေ ဆောက်ဖို့  ထားတယ်ဆိုရင်လည်း အဲဒါ မဖြစ်သင့်သေးဘူး
ဘာဖြစ်လို့ လည်းဆိုတော့ သာသနာတော်ရဲ့
အသက်သွေးကြောဟာ ကျောင်းကန်ဘုရားစတဲ့
အဆောက်အဦးတွေထက် သာသနာ့ဝန်ထမ်း
ရှင်ရဟန်းတွေရဲ့ ပစ္စည်းလေးပါး ပြည့်စှုံ့ မပြည့်စုံမှု့က အဓိက ကျပါတယ်

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ
သာသနိကအဆောက်အဦးထက် ပရိယတ္တိကျောင်းတိုက်က စာသင် စာချ ရဟန်းသံဃာတွေကို ပစ္စည်းလေးပါးပြည့်စုံဖို့ 
အထူးလိုအပ်နေတဲ့အချိန်ပါ

ဆွမ်းကွမ်းမပြည့်စုံလို့  တနှစ်ကို လေးငါးသောင်း
လူထွက်နေတာဟာ သာသနာပျောက်ကွယ်မဲ့အရေးပါ

တာဝန်ရှိသူများနဲ့  ဆရာတော်သံဃာတော်များ
အင်မတန်သတိထားပြီး ကိုင်တွယ်ရမဲ့အချက်ပါ

စာသင် စာချ မရှိတော့ဘူးဆိုရင်
ကျောင်းကန်ဘုရားက ဘာမှ တန်ဘိုးမရှိတော့ပါဘူး
သာသနာလည်း ကွယ်သွားနိုင်ပါတယ်

သာသနာရဲ့ အသက်ဟာ ပရိယတ္တိ ပါ

အခု ရွှေတိဂုံ ကျိုက်ထီးရိုး စတဲ့ တန်ခိုးကြီးဘုရား
တွေကနေ ရ ရှိတဲ့ အလှူငွေတွေဟာ အင်မတန်
များပြားလှပါတယ်

ပရိယတ္တိသာသနာတော်ကြီးကလည်း
အထောက်အပံ့နည်းနေလို့  စိုးရိမ်စရာအခြေအနေဖြစ်နေတယ် ဆိုတော့
အဲဒီငွေတွေကို ပရိယတ္တိ သာသနာတော်အတွက်
အသုံးချသင့်တယ်လို့ ထင်မိတယ်

ဒါဟာ သာသနာတော်အတွက်
လတ်တလောမှာ အင်မတန်ထိရောက်လှပါတယ်

ဘုရားကရတဲ့ပိုက်ဆံကို ဘဏ်မှာသွားအပ်ထားပြီး
အဆောက်အဦးပြင်ဖို့  ရန်ပုံငွေဆိုတာက
ဒီလောက်အရေးမကြီးဘူး
ပစ္စည်းလေးပါးမပြည့်သုံလို့  လူထွက်နေတဲ့
စာသင်သားတွေရဲ့ ဒုက္ခက ဒီထက်အရေးကြီးတယ်

ဘုရားနဲ့ ရဟန်းသံဃာ ဆိုတာ
သာသနာတော်မှာ အဖေ နဲ့ သားပါပဲ

သူတို့ အဖေရဲ့ ကိုက်ဆံကို
သူ့ သားတွေ သုံးထိုက်ပါတယ်
သူ့ သားတွေအတွက် အသုံးပြုပေးပါ

အင်မတန်ကြီးကျယ်မြင့်မြတ်လှတဲ့
သာသနာတော်မြတ်ကြီး ပျက်စီးဖို့ အကြောင်းတွေ
ကြုံတွေ့ နေရပြီ 

ဒီလိုအချိန်မှာ
နိုင်ငံ့ခေါင်းဆောင်တွေနဲ့  ဆရာတော်သံဃာတော်တွေ ပူးပေါင်းပြီး
အရေးတကြီး ဆောင်ရွက်ရမဲ့
အခြေအနေ ရောက်နေပါပြီ

ရဟန်းသံဃာငါးသိန်းပဲရှိတယ်
တနှစ်ကို
ငါးသောင်းလောက်လျှော့နေတယ်ဆိုတော့
ဘယ်လောက်ထိကြောက်စရာကောင်းနေလဲ
စဉ်းစားကြည့်ပေါ့

ဒီကိစ္စကို
ပေါ့ပေါ့လေး မတွေးကြဖို့ 
တိုက်တွန်းအပ်ပါတယ်

သာသနာတော်အတွက် ဘက်ဂျက်မရှိဘူးဆိုတော့
အဲဒီငွေတွေကို သာသနာတော်အတွက် ဘာဂျက်အဖြစ် အသုံးပြုသင်ပြုသင့်ပါကြောင်း
အကြံကောင်းများ ပေးပါ၏

                                 ဦးမြင့်ခိုင်

ဖတ်သူတိုင်း share ပေးကြပါရန်

No comments: