Monday, December 5, 2016

မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲနှင့် နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးရက် ရွှေ့ဆိုင်း

 မူဆယ်မြို့တွင် ဒီဇင်ဘာ လလယ်၌ တစ်နှစ်ခြားတစ်ကြိမ် ကျင်းပနေသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲနှင့်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအ စည်းအဝေးကို နယ်မြေဒေသလုံခြုံရေး အခြေအနေကြောင့် ယာယီအချိန် ရွှေ့ပြောင်းထားရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သတင်းရရှိ သည်။

ကုန်စည်ပြပွဲနှင့် အစည်းအ ဝေးကို ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူများ၊ ကုန်သည်များပါ တက်ရောက်လေ့ရှိပြီး လတ် တလော နယ်မြေဒေသ အခြေအ နေလုံခြုံရေး စိတ်ချရမှု အားနည်း နေသဖြင့် အစည်းအဝေးကို အချိန်ရွှေ့ဆိုင်းရခြင်းဟု အထက်ပါဝန် ကြီးဌာန လက်ထောက်အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံ နယ် စပ်ကုန်သွယ်ရေး အစည်းအဝေး ကို ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ယူ နန်ပြည်နယ် ရွှေလီမြို့နှင့် မြန်မာ နိုင်ငံ မူဆယ်မြို့များတွင် တစ်နှစ် စီ အလှည့်ကျ ကျင်းပခဲ့သည်။ ၂၀၁၆ သည် မြန်မာနိုင်ငံ မူဆယ် မြို့၌ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကျင်းပရန် မူလက စီစဉ်ခဲ့သည်။

သို့သော် နိုဝင်ဘာ ၂၀ ရက် တွင် မူဆယ်မြို့အနီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကုန်သွယ်မှုရပ်တန့်ခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်မှ စ၍ ကုန်သွယ်မှုများ ပြန်လည် လုပ် ကိုင်လာသော်လည်း ပုံမှန်အခြေ အနေ မရောက်ရှိနိုင်သေးကြောင်း၊ နိုဝင်ဘာလကုန်ရက်တွင် မူဆယ်မြို့ ကုန်သွယ်မှုအခြေအနေသည် ပုံမှန်ရက်များထက် ၆၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ဦးခင်မောင် လွင်က ပြောသည်။

‘‘နယ်မြေဒေသအခြေအနေ စိတ်မချရတဲ့အတွက် ဟိုဘက်က လည်း လာဖို့လောလောဆယ်မှာ မလွယ်ဘူး။ ဒါကြောင့် ပွဲကို ရက် နောက်ဆုတ်ထားတယ်။ ဘယ် နေ့မှာ လုပ်မယ်ဆိုတာ လောလောဆယ် မဆုံးဖြတ်ရသေးဘူး’’ ဟု ဦးခင်မောင်လွင်က  ပြောကြားခဲ့သည်။

တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲသည် ကုန် သွယ်ရေးအတွက် အရေးပါသည့် ပွဲတော်တစ်ခုဖြစ်သည်။ နှစ်နိုင်ငံ ထုတ်ကုန်များ ဈေးကွက်ရှာဖွေ ရန် ဆုံစည်းမှုတစ်ခုလည်း ဖြစ် သည်ဟု မူဆယ်မြို့ရှိ ကုန်သည် အချို့က ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ် ရေးအစည်းအဝေးမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့် အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ် ရေးဌာနမှ တာဝန်ရှိသူများ၊ ကုန် သည်များက ပါဝင်ဆွေးနွေးကြ သည်။

No comments:

Post a Comment