NLD ပါတီဝင်များနှင့် မီးရထားလက်မှတ် ရောင်းသူမှ နိုင်ငံတော်ပိုင် ဘူတာရုံမြေအား တရားမ၀င် ရောင်းချခဲ့သည်ဟုဆိုကာ
ဒီမိုကရက်တစ်ပါတီမြန်မာမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှုမှာ အကြောင်းအရာ ခိုင်လုံမှုမရှိသောကြောင့် တရားဥပဒေအတိုင်း တုံ့ပြန်သွားမည်ဟု မန္တလေးတိုင်း NLD ဥက္ကဋ္ဌ ပြောကြား
NLD ပါတီဝင်များနှင့် မီးရထားလက်မှတ် ရောင်းသူမှ နိုင်ငံတော်ပိုင် ဘူတာရုံမြေအား တရားမ၀င်ရောင်းချဟုဆိုကာ ဒီမိုကရက်တစ်ပါတီမှ သတင်းစာရှင်းလင်းပွဲပြုလုပ်မှုမှာ မမှန်မကန်သောကြောင့် တရားဥပဒေအတိုင်း တုံ့ပြန်သွားမည်ဟု မန္တလေးတိုင်း NLD ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။
“သူတို့ အချက်အလက် မခိုင်မာဘဲ သတင်းစာရှင်းလင်းပွဲ လုပ်တယ်လို့ အကြမ်းဖျင်း သိထားပါတယ်။ သူတို့ပါတီဝင်က မဟုတ်မမှန်ပဲ လုပ်တာဖြစ်တဲ့အတွက် သူတို့ပါတီအနေနဲ့ မဟုတ်မမှန် ပြောသူကို အရေးယူပြီး ကျွန်တော်တို့ကို ပါတီကိုယ်စားပြုပြီး တရားဝင် စာထွက် တောင်းပန်ရမှာဖြစ်ပါတယ်။ ပါတီကိုထိုးနှက်ပြီး မမှန်ကန်တဲ့ ရည်ရွယ်ချက်သဘောနဲ့ လုပ်ရင်တော့ တရားဥပဒေအရ တုံ့ပြန်မှာဖြစ်ပါတယ်။ ဘယ်အတိုင်းအတာအထိ လုပ်မလဲဆိုတာကိုတော့ သူတို့ ဘယ်လောက် လုပ်သလဲဆိုတဲ့ ပမာဏအပေါ် အသေးစိတ် စုံစမ်းပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာလည်း သူတို့ဖိတ်စာက ပျံ့နှံ့ပြီဖြစ်တဲ့အတွက် သေချာတာကတော့ သူတို့ကို ပြန်တုံ့ပြန်သွားမှာဖြစ်ပါတယ်” ဟု ဦးတင်ထွဋ်ဦးက ပြောကြားသည်။
နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ တိုင်းဒုဥက္ကဋ္ဌ (၁) ဦးအောင်ကြည်မြိုင်နေအိမ်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ဥက္ကဋ္ဌ ဦးရဲဝင်းက မတ္တရာမြို့နယ် လွန်ကောင်းဘူတာရုံမြေအား NLD ပါတီဝင်များနှင့် မီးရထားလက်မှတ် ရောင်းသူတို့က တရားမ၀င် ရောင်းချနေသည်ဟုဆိုကာ ပြုလုပ်သည့် ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ပြောကြားခြင်းဖြစ်သည်။
လွန်ကောင်းဘူတာရုံမြေဧရိယာမှာ ဘူတာရုံ၏ တောင်မြောက် ပေ ၁၅၀၀ ရှိပြီး သံလမ်းဝဲယာ ပေ ၁၅၀ အထိ နယ်နိမိတ်သတ်မှတ်ထားကြောင်း၊ အဆိုပါဘူတာရုံဧရိယာမြေအား NLD ပါတီဝင်များနှင့် အရောင်အသွေးတူ ပုဂ္ဂိုလ်များကမြေအရောင်းအ၀ယ် ပြုလုပ်လျက်ရှိပြီး အမေ့ရိပ် အခမဲ့ပညာသင်ကျောင်းလည်း ဖွင့်လှစ်ထားရှိထားသည့်အတွက် မတ္တရာမြို့နယ် NLD ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား ဒီကိစ္စဆရာတို့နဲ့ သက်ဆိုင်ပါသလား၊ ဆရာတို့မှာ တာဝန်ရှိပါသလားဟု နှစ်ကြိမ်တိတိ မေးမြန်းခဲ့ရာ ဒါဟာပညာရေးကွန်ရက်ဖြန့်တဲ့ သဘောပါ။ သူတို့လုပ်ပိုင်ခွင့်နဲ့ သူတို့လုပ်တာဖြစ်လို့ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူးဟုသာ ဖြေကြားခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ဥက္ကဋ္ဌ ဦးရဲဝင်းက ပြောကြားသည်။
သို့သော် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ဘူတာရုံမြေအား ရောင်းဝယ်မှု၊ ကျူးကျော်မှုပြုလုပ်နေသူများထဲတွင် NLD ပါတီဝင်များ ပါဝင်နေသည်မှာ ဟုတ်မှန်သလားဆိုသည့် မေးခွန်းကိုဦးရဲဝင်းက အချက်အလက်များဖြင့် ဖြေဆိုနိုင်ခြင်းမရှိခဲ့သည်ကို တွေ့ရသည်။
မတ္တရာမြို့နယ် လွန်ကောင်းကျေးရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးဝေလင်းက ဦးရဲဝင်းမှာ ယခင်က NLD ပါတီဝင်ဖြစ်ခဲ့ကြောင်း ပြောကြားသည်
ELEVEN
No comments:
Post a Comment