Monday, November 7, 2016

မြစ်ဆုံစီမံကိန်းကို တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့နဲ့ ဆုံးဖြတ်လို့မရဘူးလို့ NDF ပါတီပြော

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိစ္စကို တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့တည်းနဲ့ ဆုံးဖြတ်လို့ မရဘူးလို့ အမျိုးသား ဒီမိုကရေစီအင်အားစု ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၇ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူအများရဲ့ဆန္ဒသာအဓိကဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ဧရာဝတီဟာ အမျိုးသားအမွေအနှစ်၊ အမျိုးသား အကျိုးစီးပွားဖြစ်ပြီး အမျိုးသာစည်းလုံးညီညွတ်မှုအမှတ်သင်္ကေတဖြစ်တာကြောင့် နောင်အနာဂတ်မျိုးဆက်သစ်တို့ထိ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ ပြည်သူတိုင်းမှာ တာဝန်ရှိနေတယ်လို့ ပြောဆိုခဲ့တာပါ။

မြစ်ဆုံရေအားလျှပ်စစ်ထုတ်ဖို့ ရေကာတည် ဆောက်မှုနဲ့ စီမံကိန်းဆောင်ရွက်နေမှုတို့ကို နိုင်ငံနဲ့ ပြည်သူ့အကျိုးစီးပွားကို မျှော်မှန်းပြီး လုံးဝဖျက်သိမ်းဖို့လည်း အဲဒီထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

No comments: