Posted: November 21, 2016
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ် ၊ ပန်ဆိုင်း ၊ မုန်းကိုး တိုက်ခိုက်မှုများ တွင် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်း ပါဝင်ခဲ့သည့် ကိုးကန့် MNDAA အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့် ၂၀၁၅ ခုနစ် ဇွန်လ ၁၀ ရက်နေ့က တစ်ဖက်သတ် အပစ်ခတ်ရပ်စဲကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ဖူးသည်။
ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) MMDAA သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက်က မိမိကိုယ်ကို ကာကွယ်ခြင်းမှ အပ အစိုးရတပ်များကို တိုက်တော့မည် မဟုတ်ဘဲ တစ်ဖက်သတ် စစ်ရပ်ဆိုင်းလိုက်ကြောင်း ကြေ ညာခဲ့သော်လည်း နိုဝင်ဘာလ ၂၀ ရက်နေ့က မုံးကိုးနှင့် ပန်ဆိုင်း တွင် ဖြစ်ပွားခဲ့သည့် ပန်ဆိုင်း ရဲစခန်းအား တိုက်ခိုက်မှုနှင့် မုံးကိုးရှိ တပ်မတော် စခန်းတို့အား လာရောက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ဖတ်ကြားသည့် တရုတ်နိုင်ငံ ခရီးစဉ် ပထမဆုံးအကြိမ် စတင်ခဲ့သည့် နေ့ရက်လည်းဖြစ် သည့် ၂၀၁၅ ခုနစ်က တစ်ဖက်သတ် ရပ်စဲကြောင်း ကိုးကန့် အဖွဲ့၏ ကြေညာချက်တွင် တရုတ်နိုင်ငံ၏ နယ်စပ်တည်ငြိမ်မှုအတွက် တိုက်တွန်းမှုမှာလည်း အပစ်ခတ် ရပ်စဲကြောင်း တစ်ဖက် သတ် ကြေညာရသည့် အကြောင်းအရင်းတွင် ပါဝင်သည်ဟု ထိုစဉ်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ရပ်စဲကြောင်း ကြေညာချက်ကိုလည်း တရုတ်၊ မြန်မာနှစ်ဘာသာ ဖြင့် ထိုစဉ်က ထုတ်ပြန်ခဲ့သည်။
ကိုးကန့် စစ်ပွဲတွင် ပါဝင်ခဲ့သည့် တအာင်းပလောင် TNLA / PSLF ၊ MNDAA ကိုးကန့် နှင့် အေအေ ရခိုင်အဖွဲ့တို့မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အခြားအဖွဲ့များနည်းတူ တန်းတူပါဝင်ခွင့် အတွက် ကန့်သတ်ခံထားရသည့် အဖွဲ့များလည်း ဖြစ်သည်။
ထို့အတူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖျက်ဆီးမည့် သူများကို ပြတ်ပြတ်သားသား ချေမှုန်းသွားမည့် အချက် အပါအ၀င် အချက် ၁၂ ချက်ပါ ပြည်သူလူထုထံ ပေးစာတစ်စောင်ကို ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) က ၂၀၁၆ ခုနှစ် ဇူလိုင် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ထားခဲ့ ဖူးသည်။
ဇော်မင်းထွန်း
Photo - MMDA အဖွဲ့တစ်ဖွဲ့အား တွေ့ရစဉ်
The Ladies News
No comments:
Post a Comment