၇.၁၁.၂၀၁၆ ည၇နာရီမှာ သက်ငယ်မုဒိမ်းကိစ္စ ဖုန်းဝင်လာတယ် ၁၃နှစ်၁၄နှစ်ပေါ့.. လို့ထင်လိုက်တာ ဆက်ပြီးနားထောင်ကြည့်တော့ ၄ နှစ်သမီးလေး...
မူကြိုတတ်နေတယ်အရွယ်ကို မတရာပြု့ကျင့်ခံရတာပါတဲ့ အခုလည်း ရုံးကို လာခဲ့နေပါပြီ ဆိုတော့ ရုံးရောက်တော့ အဖေဖြစ်သူနဲ့ စကားပြော အဖေဖြစ်သူကလည်း မျက်ရည်လေး တဝဲဝဲ နဲ့ငိုသံနဲ့ပြောတယ်...
သမီးလေးတစ်ကိုယ်လုံးမှာ သွေးထွက်များလွန်းလို့ စောင်နဲတောင်ပတ်ထားရတယ်တဲ့... ကျနော်လည်း တော်တော့်ကို ရင်ထဲမှာနင့်သွားတယ်..
ကလေးဓာတ်ပုံလေးထုတ်ပြတော့ တကယ့်ကို ချစ်စရာလေး ... ဒါနဲ့အခုကလေးရော မေးကြည့်တော့ မြောက်ဥက္ကလာ မေဒါဝီဆေးရုံ သားဖွားမီးယပ် အပေါ်ထပ်မှာ တင်ထားပါတယ်တဲ့ ...
ပြီးတော့အဖေဖြစ်သူက အကူညီတောင်းစာလေး ထုတ်ပေးတယ် သမီးလေးပုံပါ ပါတယ်.. ဓာတ်ပုံကိုလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုက်တဲ့ နေရာမှာ သုံးပါဆိုပြီး ပေးသုံးပါတယ် ...
တဆက်တည်းဘဲကျနော်ကလည်း ဦးမြင့်ဝင်း ကျနော့်(ရုံးတာဝန်ခံ)နဲ့ တိုင်ပင်ပြီး ဆေးရုံကို တစ်ခါတည်း လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ် ..
တိုင်းအစိုးရဒုညွန်မှုးကို တဆင့်အကူညီ တောင်းလိုက် တော့ မြို့နယ်ထွေအုပ်ရုံးကလည်း ဆေးရုံကို ရောက်လာပြီး အကူအညီပေးပါတယ် ...
ဦးမြင့်လွင်(မြောက်ဥက္ကလာကိုယ်စားလှယ်)လည်းလှမ်းအကြောင်းတယ် .. ဆေးရုံရောက်တော့ ကလေးကို မြင်တော့ ရင်ထဲမှာ တော်တော့်ကို နင့်သွားတယ် ...
ဗိုက်ကိုဖောက်ထားရတယ်တဲ့ ... မစင်တောင်သူ့နေရာကနေစွန့်ဖို့ အတွက် မရတော့လို့ပါတဲ့ အမေဖြစ်သူက ပြောပြရှာတယ်
ကျနော်လည်း ကလေးကို ပန်ဒါဝက်ဝံ အရုပ်လေး ၂ရုပ် ပေးလိုက်တယ် ... သမီးလေးနေကောင်းလားလို့ မေးလိုက်တော့ မေမေဘယ်သူတွေလဲဟင် သူ့အမေကို လှမ်းမေးရှာတယ် ...
ဆေးရုံကပြန်တော့ ကျနော်ဒဂုံအရှေ့ရဲစခန်းကို တန်းပြီး လိုက်တယ် မြို့နယ် NLDဥက္ကဌ ဦးလှထွန်းနဲ့ ကိုယ်စားလှယ်တွေကို လှမ်းပြီးအကြောင်းကြားတယ်
ရဲစခန်းရောက်တော့ လှည့်ကင်းသွားဖို့ပြင်နေတဲ့ မြို့နယ်မှုးနဲ့တွေ့တော့ အကြောင်းအကျိုး ပြောပြ လိုက်တယ်
အခုထိလည်းအမှုမဖွင့်ပေးသေးဘူးကအစပေါ့
မြို့နယ်မှုးဆီကအမှုကိုင်တွေ အားနည်းတယ်လို့ ပြောလိုက်တယ် ပြီးတော့ကျနော်တို့ရုံးထဲ လိုက်သွားတယ်
ဒုစခန်းမှုးနဲ့တွေ့တယ် သူလည်းရေရေလည်မသိဘူး အမှုဖွင့်ထားလားမေးတော့ နောက်တစ်ယောက်ကို ပြန်မေးနေတယ် .........
ကျနော်တို့လည်းစခန်းမှတဆင့် ကလေးရဲ့ အိမ်ကို ဆက်ပြီးလိုက်သွားတယ် ... တော်တော့်ကို နွမ်းပါးတာ ကိုတွေ့ရပါတယ်
ကလေးအိပ်တဲ့နေရာ မတရားပြု့ကျင့်ခံရတဲ့ နေရာ တွေကိုပါ တွေ့ခဲ့တယ် ..
ပါလာတဲ့ ငွေလေး ၁ သောင်းကိုခလေးအတွက် ပေးခဲ့တယ် .. ကျနော်အိမ်ပြန်တော့၁၁နာရီ... ရောက်ပြီး သိပ်မကြာဘူး ထမင်းစားနေတုံး ကလေးရဲ့အဖေဆီက ဖုန်းဝင်လာတယ်
ကျနော်ကိုရဲစခန်းက လှန်းခေါ်တယ်တဲ့ .. အမှုဖွင့် ပေးမလို့ပါတဲ့
.......ကဲ .. ကျနော်တို့ဘယ်လိုလုပ်ကြမလည်း? ကျနော်တို့မလိုက်သွားရင် ဒီအမှုဟာ ဒီအတိုင်းနဲ့ဘဲ ပျောက်ကွယ်မသွားဘူးလို့ဘယ်သူပြောနိုင်မလည်း?
ကျနော်သက်ဆိုင်သူအားလုံးကိုလည်းဖုန်းများဆက်ပြီးအကြောင်းကြားခဲ့ပါတယ်
အမှုမှန်အမြန်ဆုံးပေါ်ပေါက်အောင်ကြိုးစားသွားမယ်
အသေးစိတ်သိလိုသူများဖုန်းဆက်၍မေးမြန်းနိုင်ပါတယ်
၀၉ ၄၀ ၁၆၆ ၁၆၅၆ ကိုညီညီ
အတွင်းရေးမှုး
လူမှု့ရေးနှင့်စီမံခန့်ခွဲရေးကော်မတီ
တိုင်းလွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ManiHto Nyome
ဦးဗိတ် >>
No comments:
Post a Comment