Posted: November 18, 2016
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ဟိုတယ်တစ်ခုတွင် လှုမှုရေးကိစ္စ အချင်းများရာမှ ရည်းစားဟောင်းဖြစ် သူမှ သေနတ်ဖြင့် ပစ်ခတ်မှုသဖြင့် ဦးလေးဖြစ်သူ သေဆုံးမှုဖြစ်ပွားကြောင်း တာချီလိတ် သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း-ခ ရပ်ကွက်ရှိ ဟိုတယ် တစ်ခု၏ ကေတီဗွီ ပြန်လာသည့် အမျိုးသမီးတစ်ဦးနှင့် ဦးလေးဖြစ်သူ အပါအ၀င် ၄ ဦးအား အမျိုးသမီး၏ ရည်းစားဟောင်း ဆိုသူမှ စကားပြော ရန် ပြောဆိုရာတွင် လက်မခံသည့်အတွက် အချင်းများပြီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။
ရည်းစားဟောင်း၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးဖြစ် သူ ခြေထောက်တွင် သေနတ်ဒဏ်ရာရှိပြီး ဦးလေးဖြစ်သူမှာ ရင်ညွန့် ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်ဖြင့် အခင်းဖြစ်ပွားသည့် နေရာ တွင် သေဆုံးကြောင်း တာချီလိတ် သတင်းက ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်း ရာတွင် တာဝန်ကျ ရဲဝန်ထမ်းက “အရာရှိတွေ အကုန်လုံးက မြို့နယ်မှူး အစည်းအဝေး လုပ်နေလို့ပါ။ ဒီဖြစ်စဉ် ကျွန်တော်ကတော့ တိတိကျကျ မသိဘူးခင်ဗျ။ ကျွန်တော်က တခြားတာဝန် လုပ်နေတဲ့အတွက်မို့ပါ” ဟု The Ladies News သို့ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ပြောသည်။
အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထွက်ပြေးသွားသည့် ရည်းစားဟောင်းဖြစ် သူအား ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိပြီး တာချီလိတ်မြို့မှ ရဲစခန်းမှ (ပ) (ပ)၂၁၇/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
Photo - တာချီလိတ်သတင်းအေဂျင်စီ
The Ladies News
No comments:
Post a Comment