Friday, November 4, 2016

မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံးဦးကို ဖမ်းဆီးရမိ

 

မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်ငါးဖမ်းသည့် မသင်္ကာဖွယ်လှေတစ်စင်း တွေ့ရှိစစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံးဦးကို ဖမ်းဆီးရမိနေပြည်တော် နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း တပ်မတော်(ရေ)မှ နယ်မြေ လုံခြုံရေးဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် မင်္ဂလာကြီးချောင်းနှင့် ပြင်ဖြူချောင်း အကြား၌ မသင်္ကာဖွယ်လှေတစ်စင်း တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာ မိမိနိုင်ငံ ရေပိုင်နက်အတွင်း သို့ တရားမဝင် ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟာမစ်(ဘ) ဂေါ်ဘီယာမွတ်၊ အစ္စမိုင်(ဘ)အီစလမ်နှင့် နိုဘိုဆောင်း(ဘ) မာမတ်စီးတီးတို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး မောင်တောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)
Myanmaalinn

No comments:

Post a Comment