ရန်ကုန်၊ နိုဝင်ဘာ ၇
မြင့်တက်နေသော ပြည်တွင်းစက်သုံးဆီ လက်လီ၊ လက်ကား ဈေးနှုန်းများသည် ပြည်ပ ဈေးနှုန်းများ ပြန်လည် ကျဆင်း လာခြင်းကြောင့် လိုက်ပါ ကျဆင်းလာကြောင်း စက်သုံးဆီ ဈေးကွက်အတွင်းမှ သိရသည်။
လက်လီဈေးနှုန်းသည် တစ်လီတာလျှင် ၁ဝ ကျပ်ခန့်၊ လက်ကားဈေးနှုန်းတွင် ဒီဇယ် တစ်ပီပါလျှင် ၅ဝဝဝ ကျပ်ခန့်၊ အဆင့်မြင့် ဒီဇယ် တစ်ပီပါလျှင် ၆ဝဝဝ ကျပ်နှင့် အောက်တိန်း ၉၂ တစ်လီတာ လျှင် ၄ဝ ကျပ်ခန့်ထိ ကျဆင်းလာကြောင်း၊ ထို့ပြင် ပြည်ပ စက်သုံးဆီ ဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာခန့် ကျဆင်းလာကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ လက်ကား ဈေးနှုန်းများသည် ယခင်ကထက် ထပ်မံ ကျဆင်းလာခြင်းဖြစ်ပြီး လက်လီ ဈေးနှုန်းများမှာမူ ယခုလအတွင်း ပထမဆုံး ပြန်လည်ကျဆင်း လာခြင်းဖြစ်ကာ ပြည်ပဈေးနှုန်းပေါ် မူတည်၍ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ် နိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များကဆိုသည်။
လက်ရှိ စက်သုံးဆီလက်လီဈေး နှုန်းများတွင် ဒီဇယ် တစ်လီတာလျှင် ၆၄ဝ ကျပ်၊ အဆင့်မြင့် ဒီဇယ် တစ်လီတာ လျှင် ၆၆ဝ ကျပ်၊ အောက်တိန်း ၉၂ တစ် လီတာလျှင် ၆၄ဝ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၇ဝဝ ကျပ် ဈေးရှိပြီး လက်ကား ဈေးနှုန်းများမှာ ဒီဇယ် တစ်ပီပါ လျှင် ၁၂၄ယဝဝဝ ကျပ်၊ အဆင့်မြင့် ဒီဇယ် တစ်ပီပါလျှင် ၁၃၃,ဝဝဝ ကျပ်နှင့် အောက်တိန်း ၉၂ တစ်လီတာလျှင် ၅၅ဝ ကျပ်ဈေး ရှိကြောင်း စက်သုံးဆီဆိုင်များထံမှ သိရသည်။
ပြည်ပ စက်သုံးဆီ ဈေးနှုန်းများမှာ ဒီဇယ် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၈ဝဝ၊ အဆင့်မြင့် ဒီဇယ်တစ်စည် လျှင် အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၉၆ဝ၊ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၃၄ဝ နှင့် အောက်တိန်း ၉၅ တစ်စည်တာလျှင် အမေရိကန် ဒေါ်လာ ၅၉ ဒသမ ဝ၄ဝ ဈေးရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။
the voice
No comments:
Post a Comment