ဖုန်းနဲ့ စာရိုက်ရလို့  တိုတိုရေးမယ်
၁။ အဖွဲ့လေးဖွဲ့ ပေါင်းပြီး တိုက်ကွက်ဖော်တယ် ...
MNDAA ၊ AA ၊ TNLA နဲ့  KIA
၂၁ ပင်လုံ ဒုတိယအကြိမ် အတွက် ...
ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတုန်း ...
ဝင်တိုက်တာ ...
၂။ တိုက်ပွဲနယ်မြေက နည်းနည်းကျယ်တယ်
မူဆယ် ၁၀၅ မိုင် ဝန်းကျင် နှောက်ယှက်ပစ်ခတ် ...
ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက် ...
တံတားတွေ ချိုးဖို့  လုပ်တယ် ...
ရန်သူဟာ ခုထိတော့ ...
မူဆယ်ဝန်းကျင် ...
စခန်းသိမ်းပြီး ထိုင်ထားဖို့  မကြိုးစား ..
မုန်းကိုးဘက်တော့ ...
ကုန်းပေါ်တက်ထိုင်ပြီး ခံစစ်ပြင်ထားတယ် ...
၃။ လောက်ကိုင် ဖြစ်ထားတော့ ...
အဲဒီခွင်ထဲ တပ်မတွေ ရှိနေတယ် ...
တပ်ဘက်က မြန်မြန်ဆန်ဆန် ...
Action ယူလာတာ တွေ့ရတယ် ...
စက်အမြောက်တင် ကယ်ရီယာတွေ ...
ချက်ချင်းဝင်လာနိုင်တယ် ...
( တံတားချိုးတဲ့ နွားက သောက်သုံးမကျလို့ 
😂😂😂😂😂😂 )
A5 ဗုံးကြဲလေယာဉ်တွေ ဒီနေ့ တက်လာတယ် ...
မုန်းကိုးမှာ လာဆိုင်တဲ့ကုန်းကို ဝုန်းတာ ...
A5 တွေ လှည့်ပြန်တာနဲ့ ..
Mi 35တွေ ရော့ကက်တွေ ..
ဒလစပ်ပစ်ပြီး ဝင်လာတယ် ...
တစ်နေကုန် ဆော်နေကြတာ ...
ရန်သူလဲ ရာနဲ့ ချီတယ် ...
အင်အားများတယ် ..
ကိုယ့်ဘက်ကလဲ တပ်တွေ အများကြီး ...
ဒီနေ့  အဓိက ကတဲ့ ပွဲက မုန်းကိုး ...
၎။ ကွတ်ခိုင်ကျော်တာနဲ့ စိတ်မချရ ...
ခုနကတင် ကွတ်ခိုင်နဲ့ ၁၀၅ မိုင်ကြား ..
ပြည်ထာင်စု လမ်းနားတင် ..
တိုက်ပွဲ ကပ်ဖြစ်နေတယ် ...
မနေ့ က ၁၀၅မိုင် ဖြစ်တော့ ...
တပ်တစ်တပ်က ...
တစ်ညလုံး အတင်းဝင်လာတာ ...
တိုက်ပွဲ တစ်ညတည်း သုံးခါဖြစ်တယ် ..
ဒါပေမယ့် ဒီမနက် ၁၀၅ မိုင်နား ကပ်မိတယ် ..
ကွတ်ခိုင်ဘက်က တိုးတဲ့ ရန်သူကို ...
မူဆယ် မထိအောင် ...
အဲဒီတပ်က ကြားက ဝင်ကာထားတယ် ...
ခုနက အဲဒီတပ်နဲ့ ချကြတာ ...
ရန်သူ လန်ကျသွားတယ် ...
ပြန်ဆုတ်သွားတယ် ...
ည ဆယ်နာရီလောက်က ...
မူဆယ် ရဲစခန်းကို တစ်ဘက်က ဝင်ပစ်တယ် ...
စခန်းက ပြန်ပစ်တယ် ..
စခန်းမှာ တပ်လဲ ရှိတယ် ...
တပ်နဲ့ ရဲ ပေါင်းပြီး ကစ်တာ ..
ရန်သူ ပြန်ဆုတ်သွားတယ် ...
၅ ။ သတင်းယူချင်တဲ့ သတင်းထောက်တွေ ...
သိန်းနီထိ အိုကေ ...
သိန်းနီ - ကွတ်ခိုင်ကြား စိုးရိမ်ရ ...
ကွတ်ခိုင် - ၁၀၅မိုင်ကြား တိုက်ပွဲတွေဖြစ် ..
မူဆယ်လိုက်မယ့် ကားမရှိ ...
သတင်းအချက်အလက် မျှဝေတာ ...
ကိုယ်တွေလဲ မူဆယ် မရောက်နိုင်သေး ...
လမ်းကြောင်းပေါ်မှာ ...
ဘယ်လို ရှေ့ဆက်တိုးရင် ရမလဲ ...
အကြံထုတ်နေဆဲပဲ .. :-D
၆။ အရေးအကြီးဆုံး မေးခွန်း ..
ဒီနေ့ ကစပြီး ...
KIA ၊ TNLA ၊ AA ၊ MNDAA ..
ဘယ်လို ခေါ်မလဲ ..
ဘယ်လို သုံးမလဲ ...
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လား ...
အကြမ်းဖက် သောင်းကျန်းသူလား ...
အစိုးရ မီဒီယာတွေ ဘယ်လိုသုံးမလဲ ...
အရပ်ဖက် မီဒီယာတွေ ဘယ်လိုသုံးမလဲ ...
ကိုယ်တွေ မေးတာမဟုတ် ...
မနေ့ က မူဆယ်ကို ဝင်ပစ်ခံရလို့  ...
အသက်သေသွားတဲ့  ပြည်သူတွေမေးတာ ...
:) :) :) :)
ကြိုက်သလို သုံးပါ ...
ဘယ်လို သုံးသုံး ...
ခင်ဗျားတို့  သမိုင်းပဲ ...
:) :) :) :) :)
No comments:
Post a Comment