Tuesday, November 22, 2016

အပြစ်မဲ့ကုမ္ပဏီဝန်ထမ်းသုံးဦးအား ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်၊ တစ်ဦးလွတ်မြောက် ===========================================


နိုဝင်ဘာ ၂၂၊ ၂၀၁၆

ကွတ်ခိုင်မြို့နယ်အတွင်း လမ်းတိုးချဲ့ခြင်း လုပ်ကိုင်နေသော အော်ရီယမ် တယ်လ်ဟိုင်းဝေး တိုးဂိတ်မှ ယာဉ်မောင်းများ ဖြစ်သည့် ၀င်းထွဋ်ကျော် (၂၇) နှစ်၊ ကျော်ဇင်ဦး (၂၆) နှစ် နှင့် တင့်နိုင် (၃၀) နှစ် တို့ (၃) ဦးသည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ (၁) နာရီတွင် ကွတ်ခိုင်မြို့၏ မြောက်ဘက် (၁၆) မိုင်ခန့် အကွာ လမ်းလုပ်ငန်းပြုလုပ်နေစဉ် KIA ၊ TLNA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့ (၃) ဦးအနက် ကျော်ဇင်ဦးမှာ ထုရိုက်ခံရကာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက် လာခဲ့ပြီး လားရှိုးမြို့ ရှိ ပြင်ပဆေးခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

No comments: