စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့သို့ အထည်ရောင်းရန် ဆိုင်ကယ်ဖြင့် တက်လာသော ဦးဂိုဆွန်းခမ် (၃၄)သည် ဖလမ်းမြို့နယ်ရှိ မွှန်းလီ(Hmunli)နှင့် မယ်ဟောလ်(Mehol)ကြားတစ်နေရာ၌ ကားလမ်းဘေးရှိ ပေ ၇၀၀ ခန့်နက်သော ချောက်ထဲသို့ ၎င်းမောင်းနှင်းလာသော ဆိုင်ကယ်ဖြင့် ကျကာ သေဆုံးကြောင်းကြားသိရသည်။
ဦးဂိုဆွန်ခမ်သည် ၎င်း၏မွေးချင်းအစ်ကိုနှင့် ခရီးထွက်လာခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်သည် မြန်မာစံတော်ချိန်သည် ၁၄၊ ၁၁၊ ၂၀၁၆ ရက် မွန်းလွှဲ ၁၂ : ၃၀ ဝန်းကျင်ဖြစ်ကြောင်း၊ ဦးဂိုဆွန်းခမ်သည် အစ်ကို၏နောက် ခြေလှမ်း ၁၀ လှမ်းခန့်အကွာမှ လိုက်လာခြင်းဖြစ်ကြောင်း၊ ၎င်းအစ်ကိုက အသံကြား၍ လှည့်ကြည့်ရာ ချောက်ထဲသို့ ကျ၍ အောက်ခြေရောက်ပြီးကြောင်း သိရှိရသည်။
Hmunli ရွာမှ လူငယ်များနှင့် ရောက်ရှိလာသော ပြည်သူ့ရဲ လေးဦးတို့က ညနေပိုင်း ၄ : ၃၀ ခန့်တွင် အလောင်းအား ဆယ်ယူကာ ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့  ခွဲစိတ်စစ်ဆေးရန် ပေးပို့ထားကြောင်း ကြားသိရသည်။
Chin Thuthang ( CT ) Media; J Paupu &Phualva lungtuak page

No comments:
Post a Comment