Saturday, November 19, 2016

သမီးရည်းစား အတွဲအား စောင့်ပေး နေသူ အသတ်ခံရ




မြင်းခြံတွင်လူသတ်မှုဖြစ်ပွား၍တစ်ဦးသေဆုံး

မြင်းခြံ နိုဝင်ဘာ ၁၉

မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် နိုဝင်ဘာ ၁၈ရက်(၂၃း၃၀) နာရီခန့်က လူသတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး ကြောင်း သိရသည်။

 သေဆုံးသူ စိုင်းထက်နိုင်(၁၇နှစ်) (ဘ) ဦးကျော်နိုင်၊ သံပန်းလုပ်သားသည် မြင်းခြံမြို့နယ် ရွာစည် ကျေးရွာတွင် နေထိုင်ပြီး၊ အမှတ် ၁၈ရပ်ကွက်တွင် ဇာတ်ပွဲကြည့်ရန် သူငယ်ချင်းဖြစ်သူ သမီးရည်းစားအတွဲနှင့် ဆိုင်ကယ်စီး၍ သွားရောက်ခဲ့ကြောင်း။

 အဆိုပါ သူငယ်ချင်း သမီးရည်းစား အတွဲစကား ပြောဆိုနေမှုအား အဝေးမှ စောင့်ပေး နေစဉ်အမည်မသိလူ (၉) ဦးမှ ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာပြီး စိုင်းထက်နိုင်နှင့် စကားများရန်ဖြစ် ထိုး ကြိတ်ကာ ထွက်ပြေးသွားကြကြောင်း၊ စိုင်းထက်နိုင်မှာ ဝဲဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဘက်နားထင်ပြတ်ရှ ဒဏ်ရာ(၁)ချက်နှင့် ဦးခေါင်းဝဲဘက် ပြတ်ရှ ဒဏ်ရာ(၁)ချက် တို့ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြင်းခြံမြို့မရဲစခန်းမှ (ပ)၂၈၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့် လက်ခံ၍ တရားခံများဖမ်းဆီး ရမိရေးအတွက်လိုက်လံ ဖမ်းဆီးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဇော်မင်း( မြင်းခြံ )
MOI Webportal Myanmar

No comments: