Monday, November 7, 2016

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ တစ်နေ့လျှင် လူနာ ၄၀၀ ကျော် လာရောက် ကုသနေပြီး လူနာ ၅၀ နီးပါးမှာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရသူများဖြစ်နေ

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ် ရောက်ရှိလာသော လူနာအချို့ကို တွေ့ရစဉ်

<p>ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ မြို့နယ်အသီးသီးမှ လာရောက်ကုသသည့် လူနာဦးရေ တစ်နေ့လျှင် ၄၀၀ ကျော် လာရောက် ကုသနေပြီး ယင်းလူနာများထဲတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ လူနာဦးရေ ၅၀ နီးပါး ပါဝင်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ် ကုသမှု ဆေးပညာဌာနမှ သိရသည်။</p>

<p>မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရသူ၊ သေဆုံးသူဦးရေမှာ အရှေ့တောင်အာရှ နိုင်ငံများ၌ ဒုတိယအများဆုံး နိုင်ငံဖြစ်နေပြီး ၂၀၁၅ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာသူ တစ်နေ့လျှင် ၁၁ ဦးခန့် ရှိခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးခန့်အထိ ရှိလာကာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ တဖြည်းဖြည်း များလာကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အရေးပေါ် ကုသမှု ဆေးပညာဌာန (ဆေးတက္ကသိုလ်-၁ ရန်ကုန်) မှ တွဲဖက်ပါမောက္ခ ဒေါက်တာမော်ဦးက ပြောကြားသည်။</p>

<p>“ရန်ကုန်ဆေးရုံကြီးမှာဆို ယာဉ်မတော်တဆမှုကြောင့် ဖြစ်ပြီးလာတဲ့ လူနာက ပိုများတယ်။ နေရာအနှံ့အပြားကနေ နောက်ဆုံးလက်ခံရတဲ့နေရာ ဆိုတော့ တစ်နေ့ကို ပုံမှန်လူနာ ၄၀၀ ကျော် လာတယ်ဆိုရင် လူနာ ၅၀ နီးပါးလောက်က ယာဉ်တိုက်မှုနဲ့ ဆက်စပ်နေတယ်။ ယာဉ်မတော်တဆဖြစ်ပြီဆိုရင် ခြေလက်အင်္ဂါ အရိုးတွေ ထိခိုက်တာများသလို ခေါင်းထိတဲ့ လူနာကလည်း များတယ်။ အရေးပေါ်ထဲမှာ အသက်ကယ်တဲ့ အလုပ်တွေပြီးမှ လူနာ Stable ဖြစ်တော့မှ Ward တွေထဲ ပို့ပေးရတယ်။ ကျွန်တော်တို့ အရေးပေါ်ဌာနဆိုတာက လူနာတွေကို Welcome လုပ်တဲ့နေရာ မဟုတ်ဘူး။ ထိခိုက်ဒဏ်ရာတွေ မဖြစ်ရင်တော့ အကောင်းဆုံးပါပဲ” ဟု ဒေါက်တာမော်ဦးက ပြောကြားသည်။</p>

<p>ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင် (၁) မှ အရိုးခွဲစိတ်ကု ဆရာဝန်ကြီး ဒေါက်တာဦးအောင်သိန်းဌေးက “နှစ်အလိုက်ကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ယာဉ်တိုက်မှုတွေက သုံးလေးဆလောက် တိုးတက်လာတာကို တွေ့ရပါတယ်။ ဆယ်စုနှစ်အတွင်းမှာပေါ့။ ဆယ်စုနှစ် အတွင်းမှာ ကိန်းဂဏန်းတွေက သုံးလေးဆလောက် တိုးလာတဲ့အတွက် ဒါဟာ ကျွန်တော်တို့ ကျန်းမာရေး ကဏ္ဍအနေနဲ့ ပြဿနာတစ်ခုလို ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီထိခိုက်မှုတွေ ဖြစ်ပွားတဲ့ လူတွေဟာ တချို့ကလည်း အသက်တွေ ဆုံးပါးသွားကြတယ်။ တချို့ကလည်း မသန်မစွမ်း ဖြစ်သွားကြတယ်လေ” ဟုပြောကြားသည်။</p>

Writer: 

ငြိမ်းငြိမ်းသူ

No comments:

Post a Comment