ပြုံယမ်း နိုဝင်ဘာ ၁၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ကာကွယ်ရေးတပ်ဖွဲ့၏ အမျိုးသမီး အမြောက်ပစ်ပြိုင်ပွဲကို ယနေ့စစ်ဆေးကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အမျိုးသမီး အမြောက်ပစ်တပ်ဖွဲ့၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲကျင်းပမည့်ရက်ကို ကြိုတင်ပြောဆိုခြင်းမရှိဘဲ ယခုအမြောက်ပစ်ပြိုင်ပွဲကို ခေါင်းဆောင်ကင်ဂျုံအန်က ရုတ်တရက် ကျင်းပရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (ကေစီအင်န်အေ)က ဆိုသည်။
အမျိုးသားညီညွတ်ပေါင်းစည်းခြင်းအတွက် စစ်သမီးများကို စနစ်တကျလေ့ကျင့် ပေးရခြင်း၏ အဓိကရည်ရွယ်ချက်အပါအဝင် အချိန်အခါမရွေးတိုက်ပွဲဝင်နိုင်ရန် အမျိုးသမီး အမြောက်တပ်၏ စွမ်းဆောင်ရည်ကို အရည်အချင်းမြင့်စေရန်အတွက် ပြိုင်ပွဲကျင်းပ ရခြင်းဖြစ်သည်ဟု ခေါင်းဆောင်ကင်ဂျုံအန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲကျင်းပပြီးနောက် အမြောက်တပ်အားလုံးအနေဖြင့် စစ်မြေပြင်အတွက် အသင့်အနေအထားတွင်ရှိစေရန် လေ့ကျင့်ထားရန်လိုအပ်ကြောင်း ကင်ဂျုံအန် က ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။
The Mirror Daily

No comments:
Post a Comment