Tuesday, November 22, 2016

ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတွေ ပြန်လည်ရိုက်နှိပ်ရေးကိစ္စကို နိုင်ငံစီးပွားရေးတည်ငြိမ်တဲ့အချိန်မှာ ဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဌ ပြော ================================


၂၂..၁၁..၁၆
-
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတွေ
ပြန်လည်ရိုက်နှိပ်ရေးကိစ္စကို နိုင်ငံစီးပွားရေးတည်ငြိမ်တဲ့အချိန် ၊ အနှောင့်အယှက် မဖြစ်စေနိုင်တဲ့ သင့်လျှော်တဲ့ကာလမှာ မြန်မာနိုင်ငံ
ဗဟိုဘဏ် ဥပဒေပုဒ်မ ၆၅ နဲ့ ၆၆ ပါပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်
သွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးမင်းက ပြောပါတယ်။
-
နိုဝင်ဘာလ (၂၂) ရက် ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်
အစည်းအဝေးမှာ သရက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်ရဲ့ မြန်မာပြည် တစ်ဝန်းတွင် ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူ
အမျိုးမျိုးပေါ်ရှိ တံဆိပ်ရုပ်ပုံတွေ အစား ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံ
ပါတဲ့ ငွေစက္ကူတွေနဲ့ အစားထိုးရိုက်နှိပ် ထုတ်ဝေသုံးစွဲဖို့အစီအစဉ် ရှိ၊မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ -
ငွေစက္ကူရိုက်နှိပ်ရာမှာ ငွေစက္ကူဒီဇိုင်းရေးဆွဲခြင်း ၊ ဒီဇိုင်းအတည်ပြုခြင်း ၊မှာကြားခြင်း ၊ ရိုက်နှိပ်ခြင်း ၊ ကြိုတင်သိုလှောင်ခြင်း လုပ်ငန်းစဉ်တွေ ရှိတဲ့အတွက် အချိန်ကာလ တိကျစွာ သတ်မှတ်နိုင်ခြင်း မရှိသေးဘူး
လို့လည်း ဗဟိုဘဏ် ဒုဥက္ကဌ က ပြောကြားခဲ့ပါတယ်။
======
5 PLUS NEW

No comments:

Post a Comment