Monday, November 21, 2016

ပမာဏအများဆုံး ယာဘားစိတ်ကြွဆေးပြား ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိ


 


နိရဉ္စရာ၊ နိုဝင်ဘာ ၂၀

မောင်တောမြို့နယ်နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ယနေ့နံနက်က ယာဘား စိတ်ကြွဆေးပြား ၆၉၁၁၀၄ ကိုဖမ်းဆီးမိခဲ့သည့် Cox’sbazar News တွင် သတင်းဖော်ပြသည်။

ယခုဖမ်းဆီးရရှိမှုသည် ဘင်္ဂလာဒေရှ့် တက်ကနက် နယ်စပ်တွင် အများဆုံး ပမာဏဟု အာဏာပိုင်များက ပြောသည်။

၎င်းဆေးပြားများကို နိုဝင်ဘာ ၂၀ နေ့ နံနက် ၄ နာရီခန့်တွင် တက်ကနက် မြို့နယ် တောင်ပိုင်း ဆားပြင်ရွာအနီး နတ်မြစ်အတွင်း လှေတစ်စီးပေါ်မှ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆေးပြားမှောင်ခိုသမားများ နယ်ခြားစောင့်တပ် BGB အမှတ်(၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်များလာသည်ကို မြင်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ မောင်တောမြို့နယ်တွင် အကြမ်းဖက်မှုများ ပေါ်ပေါက်နေပြီး စစ်ဆင်ရေးများ ပြုလုပ်နေစဉ် မှောင်ခိုသမားများသည် လှေကလေးဖြင့် နတ်မြစ်ကို ဖြတ်ကျော်ကာ ဘင်္ဂလာဒေ့ရှ်ဘက်သို့ ယာဘားဆေးပြား အများအပြားကို တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Narinjara

No comments:

Post a Comment