၁၉..၁၁..၁၆
-
အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်များ တည်ရှိရာ ကချင်ပြည်နယ်
ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် ယူနက်စကို၏ ကမ္ဘာ့သဘာဝ
အမွေအနှစ် စာရင်း၌ ၂၀၁၈ တွင်ပါဝင်လာနိုင်ဖွယ် ရှိသည်။
-
ယူနက်စကို စာရင်းဝင်ရန်အတွက် မြန်မာအစိုးရက လျှောက်ထားခြင်း၊ ကွင်းဆင်းလေံလာခြင်းတို့ ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
-
ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ခါကာဘိုရာဇီ
ဒေသသည် ယူနက်စကို၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ၊ စာရင်းတွင်ပါဝင်ရန် ခိုင်မာအားကောင်းသည် အခြေအနေရှိမရှိ လေ့လာလျက်ရှိသည်။ ခါကာဘိုရာဇီတောင်သည် အမြင့် ၅၈၈၁ မီတာရှိကာ မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး မလေးရှားနိုင်ငံ
အရှေ့ပိုင်း ဆာဘားပြည်နယ်မှ အမြင့် ၄၀၉၅ မီတာရှိ ကီနာဘာလူ
တောင်ကို ကျော်ကာ အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်လည်း ဖြစ်သည်။
-
ခါကာဘိုရာဇီတောင်သည် နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း တရုတ်နှင့် အိန္ဒိယနယ်စပ်အနီးတွင် တည်ရှိပြီး ဟိမဝန္တာတောင်တန်း၏ အရှေ့ဖျားစွန်း အပိုင်းတွင် ပါဝင်သည်။ ထိုဒေသအား ၁၉၉၆ ဇန်နဝါရီ ၃၀ တွင် ထိမ်းသိမ်းစောင့်ရှောက်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၈ နိုဝင်ဘာ ၁၀ တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။
-
မြန်မာနိုင်ငံသည် ယူနက်စကို၏အမွေအနှစ်စာရင်းတွင် ပါဝင်ရန် မန္တလေးရှိ ရှေးဟောင်းအမွေအနှစ်များနှင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦး
မြို့ဟောင်းအပါအဝင် စာရင်းတင်သွင်းမှု ၁၄ ခုရှိသည်။ လက်ရှိတွင် ပျူမြို့ဟောင်းများသာ ယူနက်စကိုစာရင်းတွင် ပါဝင်လျက်ရှိသည်။
===========
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment