Tuesday, November 8, 2016

အမျိုးသားတစ်ဦး ရထားကြိတ်မိ၍သေဆုံး

 


မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့နယ် မကျီးကုန်းရွာအနီး မိုင်တိုင်အမှတ်(၃၄၈/၁နှင့် ၃၄၈/၂)
 ကြားရထားသံလမ်းကြားတွင် နိုဝင်ဘာ၇ရက် နံနက် ၁၀း၃၀ အချိန်က အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း သိရသည်။

သာစည်-မြင်းခြံ အဆန်ရထားသည် သာစည်မှ ထွက်ခွာလာစဉ် အဆိုပါနေရာ အရောက်၌ သံလမ်း
 ကြားလူတစ်ဦး လဲလျောင်းနေသည်ကို လျှပ်တပြတ်မြင်တွေ့ရ၍ ရထားအား ရပ်တန့်ရန် ကြိုးစား ခဲ့သော်လည်း မရတော့ကြောင်း ရထားပေါ်မှ တာဝန်ရှိသူ တစ်ဦး၏  ပြောပြချက်များကို နယ်မြေစခန်းမှူးထံမှ သိရသည်။


ရထားရဲများက သက်ဆိုင်ရာ နယ်မြေစခန်းအား ဆက်သွယ်၍ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ
သေဆုံးသူ(အသက်၄၀ခန့်)သည် စွပ်ကျယ်အဖြူ။ လုံချည် နက်ဝါကြားတစ်ထည်ဝတ်ဆင်ထားပြီး ၎င်း၏ အနီးမှကတ္တီပါ ဖိနပ်တစ်ရံတွေ့ရှိခဲ့ကြောင်း။

ရထားကြိတ်မိရာမှ ဦးခေါင်း ။နဖူး ။နားရွက်များ၌ ပေါက်ပြဲဒဏ်ရာများ။ ယာဘက်လက်မောင်းရင်းမှ ပြတ်သည့် ဒဏ်ရာများရရှိကာ ရထားပေါ်အရောက်တွင် သေဆုံးသွားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်အား ရုံးစည်ကြီးနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၆)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး နီးစပ်ရာ ဒေသများမှ သေဆုံးသူနှင့်ပတ်သက်၍ သတင်းပေးဆက်သွယ်နိုင်ရန် ဆက်လက်ေ ဆာင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

Htun Lin Media - Taungtha

No comments:

Post a Comment