ခေတ်အဆက်ဆက်က ကားသမားတွေကို စစ်တပ်ကချောဆွဲခဲ့ဖူးတယ်။ လူလိုဆိုရင် ကားကိုပေါ်တာဆွဲတာပါ။ အဖေတို့တုန်းက ခွန်ဆာကိုတိုက်တဲ့အချိန်မှာ ဟိုမိန်းအထိ ချောလိုက်ခဲ့ရတယ်။ ကောင်တာခေါင်းတို FD6တို့ FE6တို့ဆိုတာတွေနဲ့ပေါ့ဗျာ။ ဟိုမိန်းအထိသွားမရလို့ ဝမ်စလောင်းတင်ညအိပ်ပီးစောင့်နေခဲ့ရတာ။ အစိုးရတပ်ရဲ့ ပစ္စည်းတွေသယ်လာတဲ့အရပ်ကားတွေမှန်း သိနေတာတောင် ဘယ်သူပုန်မှ တချက်မပစ်ခဲ့ဖူး။ အကယ်၍ ချောပြန်လာတဲ့ကားတွေမှန်းသိလဲ ဘယ်သူပုန်မှ ကားနဲ့ကားသမားနှစ်ယောက်ကို ပစ်သတ်တယ်ဆိုတာမရှိခဲ့ဘူး။ မြန်မာပြည်ကားသမားတွေကို ခေတ်အဆက်ဆက်က သူပုန်နဲ့ စစ်တပ် ဘယ်သူမှ သတ်ပစ်တယ်ဆိုတာ သမိုင်းမရှိခဲ့ဖူးဘူး။ ကားသမားဆိုရင် ဘေးမဲ့ပေးထားတယ်။ ဘယ်သူကချောဆွဲဆွဲ အပစ်မဲ့တဲ့ကားသမားတွေကို ရန်မရှာခဲ့ဘူး။ မိမိဆန္ဒမပါပဲ သေနပ်ကြောက်လို့လိုက်ရတယ်ဆိုတာ နှစ်ဘက်လုံးကသိတယ်။ အခုခေတ်သူပုန်တွေကျတော့ အားအားရှိ အရပ်သားတွေကိုသတ်လာပီ။ ၂၀၀၃ခုနှစ်ကတည်းက ကျွန်တော်တို့ကားသမားဖြစ်ခါစမှာ ရေး လမ်းမှာ ခြောက်ဘီးနှစ်စီးကို တောင်ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ထိတယ်။ လူမသေဘူး။ အဲ့နောက်ပိုင်းမှာ ဓားမြတိုက်တာနဲ့ သူပုန်အဖွဲ့က ဆက်ကြေးမရလို့ ကားသမားရောကားပါ တောထဲခေါ်သွားတာတွေ ရှိခဲ့ပေမယ့် အုံနာကိုပဲ ငြိုးမယ်ဖွဲ့ခဲ့ကြတယ်။ ဒရိုင်ဘာ စပယ်ယာကို သတ်မပစ်ဖူးဘူး။ အခု၂၀၁၆ ဒီမိုကရေစီနိုင်ငံဖြစ်တာခြောက်နှစ်ရှိမှ မူဆယ်လမ်းက အသောင်းကျန်းဆုံး။ ငတ်ကြီးအကျဆုံး။ ကားတွေကို လမ်းပေါ် ပေါ်တင်ရပ်ခိုင်းပီး တရားဝင်နီးပါး ဆက်ကြေးကောက်တယ်။ ဆက်ဆံရေးမပြေပစ်တဲ့ ကားသမားတွေဆိုရင် ပါးရိုက်နားရိုက်တာတွေ လုပ်တယ်။ ပိုက်ဆံလဲတောင်းစားနေသေးတယ်။ လေသံကအထက်စီးက။ ကျွန်တော်တခါတုန်းက မြဝတီလမ်းမှာ ဝါးတားဂိတ်ကကောင်တွေနဲ့ စကားများတော့ သေနပ်နဲ့ထချိန်ပီး မင်းကလူမိုက်လားလို့ မေးတာခံရတယ်။ ပြန်ဖြေလိုက်ပါတယ်။ မင်းလက်ထဲက သေနပ်ကိုပဲကြောက်တာ။ မင်းကိုတော့ စောက်ဂရုကိုမစိုက်တာလို့။ မကျေနပ်ရင် မင်း ယောက်ကျားပီသတယ်ဆိုရင် သေနပ်ချပီး တယောက်ချင်း သူသေကိုယ်သေထိုးမလားလို့မေးလိုက်တယ်။ သူတို့လူတွေဝိုင်းဖျန်ဖြေလို့ ခရီးဆက်ထွက်ခဲ့တာ။ သေနပ်ဘန်းပြပီး သွေးနထင်ရောက်နေတဲ့ကောင်တွေရဲ့ ကြီးနိုင်ငယ်ညှင်းတဲ့ဒဏ်ကို မခံနိုင်တဲ့တနေ့ကျ သူသေကိုယ်သေစိတ်နဲ့ စိန်ခေါ်ပစ်လိုက်တယ်။ လူဆိုတာ လူလူချင်းတော့ကြောက်ပါ့မလားဗျာ။ မမြင်ရတဲ့အဲ့ကောင်တွေစိတ်က လက်ညှိုးကိုကွေးမယ်ဆိုတဲ့စိတ်ဝင်လာရင် သေနပ်ကကျည်ထွက်ပီ။ အဲ့ဟာကိုကြောက်နေလို့ငြိမ်ခံနေရတာကို အဟုတ်မှတ်နေတာ သူပုန်အားလုံးပဲ။ အခုလဲကြည့်။ ဘာမဆိုင် ညာမဆိုင်နဲ့ သူ့တို့ပထွေးစစ်တပ်ကို မနိုင်တာနဲ့ ကြားထဲက ကားသမားအရပ်သားကို အလွတ်ကြီးပစ်သတ်ပစ်တယ်။ အမှန်ဆို သုပုန်ရှိတဲ့နယ်တွေဆိုရင် အကုန်ငတ်သေကုန်အောင် ဘယ်လောက်ကားခရရ ဘယ်ကားမှမသွားပဲ ဆန္ဒပြပီး ရပ်ထားပစ်သင့်နေပီ။ သူပုန်ရှိလို့ ဘယ်ကုန်စည်မှ မလာရဲတာဆိုရင် ပြည်သူက အငတ်ခံမယ့်အစား အသေခံပီး သူပုန်ကိုပြန်ဆန္ဒပြလိမ့်မယ်။ အသက်အသေခံပီး ဘယ်ကားသမားမှ ကုန်ပို့နေစရာမလိုဘူး။ အခုလို ကားသမားကို သတ်ရင် အခုလို ဘယ်ကားမှ မလာတော့ဘူးဆိုတာကို ခွေးသားသူပုန်တွေသိအောင်လုပ်သင့်ပီ။ အသတ်ခံရတဲ့ ကားသမားညီအကိုတယောက်တော့ ကောင်းရာသုဂတိလားပါစေ။ ဘဝဆက်တိုင်းခုလို လမ်းဘေးအိပ် လမ်းဘေးစား လမ်းဘေးတင်သေရတဲ့ မိသားစုနဲ့ ခွဲနေနေရတဲ့ ကားသမားဘဝကနေ လွတ်မြောက်နိုငိပါစေ။ သူပုန်ရှိတဲ့တိုင်းပြည်မှာ လူပြန်မဖြစ်ပါစေနဲ့။သူပုန်နယ်ထဲ ကားမောင်းစားနေရတဲ့သူမဖြစိပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ် အကို ……………
No comments:
Post a Comment