Friday, September 16, 2016

Honor 8 စမတ်ဖုန်း ၁.၅ သန်း ရောင်းချခဲ့ရ

ဇူလိုင်လက စတင်မိတ်ဆက်ခဲ့သော Honor 8 စမတ်ဖုန်း အလုံးရေ ၁.၅ သန်း ရောင်းချခဲ့ရကြောင်း သိရသည်။
အဆိုပါ ဟန်းဆက်ကို မကြာသေးမီက အမေရိကန်နှင့် ဥရောပတွင် ဖြန့်ချိခဲ့သော်လည်း အခြားသော ဒေသများတွင် ဇူလိုင်လကတည်းက ရောင်းချခဲ့သည်။
Honor 8 တွင် ၅.၂ လက်မ 1080p display ပါဝင်ပြီး HiSilicon octa-core Kiron 950 processor နှင့် Mali-T880 MP4 GPU ကို အသုံးပြုထားသည်။ RAM က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 32GB ဖြစ်သည်။ microSD card မှတစ်ဆင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။ ကျောဘက်တွင် dual 12MP AF ကင်မရာများပါဝင်ပြီး 1080p ဗီဒီယိုများ ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။ Wi-Fi 802.11 a/b/g/n/ac နှင့် Bluetooth 4.2 တို့ကို ထောက်ပံ့ပေးထားပြီး USB Type-C port ဖြင့်သုံးနိုင်သည်။ လက်ဗွေဖတ်စနစ်တစ်ခု ပါဝင်ပြီး ဘက်ထရီက 3000mAh ဖြစ်ကာ လျင်မြန်စွာအားသွင်းနိုင်သည့်စနစ်ကို ထောက်ပံ့ပေးထားသည်။ အရွယ်အစားက ၁၄၅ x ၇၁ x ၇.၅ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၅၃ ဂရမ်ဖြစ်သည်။
Honor 8 ကို အမေရိကန်နှင့် ဥရောပတွင် ၃၉၉ ဒေါ်လာ (၃၃၉ ယူရို) ဖြင့် ရောင်းချလျက်ရှိသည်။





မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: