Friday, September 16, 2016

Honda ကုမ္ပဏီ၏ ပထမဆုံး အပေါ့စား ဂျက်လေယာဉ်ကို တင်ပို့ မှုစတင် ===========================


မော်တော်ယာဉ်များကိုသာ အဓိကထုတ်လုပ်လေ့ရှိသော ဟွန်ဒါကုမ္ပဏီသည် ယခုအခါ အပေါ့စားဂျက်လေယာဉ် များကိုလည်းထုတ်လုပ်လျက်ရှိပြီး နိုင်ငံတကာသို့ တင်ပို့ မှုကိုလည်း စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဟွန်ဒါဂျက်များကို အမေရိကန်ပြည်ထောင်စု၊ ကာရိုလိုင်းနားပြည်နယ်(မြောက်ပိုင်း) ဂရင်းဘိုရိုးမြို့ ရှိ ဟွန်ဒါ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ဟွန်ဒါဂျက်များထုတ်လုပ်ရန် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလက စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဟွန်ဒါဂျက်များထုတ်လုပ်ရန် အမေရိကန်ဖက်ဒရယ်လေကြောင်း ကြီးကြပ်ရေးဌာန၏ ခွင့်ပြုမိန့် ကို ရရှိခဲ့ပြီးဖြစ်ကြောင်း၊ အမြန်နှုန်း တစ်နာရီလျင် ၄၈၃ မိုင်အထိ ပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့ ရဲ့  ဟွန်ဒါဂျက်ကို စွမ်းဆောင်မှုကောင်းအောင် ထုတ်လုပ်ထားပါတယ်။ အင်ဂျင်တွေကိုတပ်ဆင် ထားတဲ့ တောင်ပံတွေကို လေခွင်းအားကောင်းအောင် စီမံထားသလို ကိုယ်ထည်ကိုလည်း အလူမီနီယံထက် ပေါ့ပါးတဲ့ ကွန်ပိုးစစ်ပြားတွေနဲ့ ပြုလုပ်ထားပါတယ်။ လေယာဉ်ကိုယ်ထည်ကျဉ်းကျဉ်းလေးမှာ နေရာလွတ်တွေ များများရဖို့ လည်း ပျားအုံဖွဲ့ စည်းမှုကိုအတုယူ ပြုလုပ်ထားပါတယ်ဟု ဟွန်ဒါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ဟွန်ဒါသည် ၄င်း၏လေယာဉ်အင်ဂျင်များကို GE ကုမ္ပဏီနှင့်ဖက်စပ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ ၄င်းအင်ဂျင် များကို အလွတ်စမ်းသပ်ကြည့်ရာ တစ်ပေလျင် ပေါင် ၂၀၅၀ နှုန်းဖြင့်တွန်းကန်နိုင်သည်ကိုတွေ့ ရကြောင်း၊ လေယာဉ်သည် အရှည် ၄၂.၆၂ ပေ၊ တောင်ပံနှစ်ဘက်အကျယ် ၃၉.၇၆ ပေ နှင့် အမြင့် ၁၄.၉၀ ပေ ရှိကြောင်း၊ ခရီးသည် ငါး ဦးမှ ခြောက် ဦးအထိ လိုက်ပါနိုင်ကြောင်း သိရသည်။ ဟွန်ဒါဂျက်များကို ဖော်ပြပါအတိုင်း ကာရိုလိုင်းနားပြည်နယ်(မြောက်ပိုင်း)တွင် ထုတ်လုပ်လျက်ရှိပြီး အမေရိကန် မြောက်ပိုင်းပြည်နယ်များ၊ တောင်ပိုင်းပြည်နယ်များနှင့် ဥရောပနိုင်ငံများသို့  တင်ပို့ ရောင်းချရန် ရည်မှန်း ဆောင်ရွက်နေကြောင်း၊ ဟွန်ဒါလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီရုံးချုပ်တွင် လေယာဉ်မောင်းသင်တန်းများကို လည်း စတင်ပို့ ချပေးနေပြီဖြစ်ကြောင်း သိရသည်။ ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှ လေယာဉ်ကိုထုတ်လုပ်ရာတွင် ဟွန်ဒါ သည် ထူးခြားသော်လည်း စွန့် ဦး တီထွင်သူ မဟုတ်ကြောင်း၊ အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီ Ford က ၁၉၂၅ မှ ၁၉၃၃ အထိ Ford အပေါ့ စား လေယာဉ်များကို ထုတ်လုပ်ခဲ့ဖူးကြောင်း သိရသည်။







မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: