Friday, September 16, 2016

ဝက်လက်မြို့နယ်စွယ်ကွေ့ကျေးရွာမှ ဆရာတော် ဦးအရိယအပါဝင် သံဃာငါးပါး အကျဉ်းထောင်မှ လွတ်မြောက်ရေး ဒေသခံတို့ ဆန္ဒထုတ်ဖော်တောင်းဆို =====================================



စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်စွယ်ကွေ့ကျေးရွာတွင် သီးတင်းသုံးနေထိုင်သည့် ဆရာတော် ဦးအရိယအပါအဝင် သံဃာငါးပါး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ရေးအတွက် စွယ်ကွေ့ ရွာသူ ရွာသားများက စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဝက်လက်မြို့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"ကျွန်တော်တို့ရွာမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ သံဃာအချင်းချင်း ကျောင်းလုတာလို့ပြောရမှာပါ။ ရွာကကြည်ညိုတဲ့ ဆရာတော်က ကျောင်းကို ဆက်မလုတော့ဘဲ နောက်တစ်ကျောင်း ထပ်ဆောက်လိုက်ပါ တယ်။ ဒါကို မကျေနပ်လို့ သာသနာရေးမှူးက တရားစွဲတာပါ။"ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ဦးကျော်မင်းက ပြောသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဝက်လက်မြို့မရဲစခန်း၏ တရားဝင်ခွင့်ပြုချက်ရယူကာ ဆရာတော် ဦးအရိယ အပါအဝင် သံဃာငါးပါး လွတ်မြောက်ရေးအတွက် စွယ်ကွေ့ကျေးရွာသူ ရွာသားများက ဝက်လက်မြို့ တရားရုံး ရှေ့နှင့် လူစည်ကားရာနေရာတွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ "တရားရုံးက တဖက်ကို ထောင်ချလိုက်တာပါ။ ထောင်ချမှုကို မကျေနပ်လို့ ဆရာတော်တွေ လွတ်မြောက်ရေး အတွက် ဆန္ဒထုတ်ဖော်ကြတာပါ။"ဟု ဝက်လက်မြို့မ ရဲစခန်းမှ ဗိုလ်ကြီး ရဲညွှန့်က ပြောသည်။ ဝက်လက်မြို့ တရားရုံးမှ ဆရ်ာတော် ဦးအရိယအပါဝင် သံဃာငါးပါးအား ၂၀/၉၀ ပုဒ်မခွဲ(၁၄)ဖြင့် သြဂုတ် ၉ ရက်က ထောင်ဒဏ် ခြောက် လချမှတ်ခဲ့ပြီးနောက် ရွာသူရွာသားများ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။





မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments:

Post a Comment