Friday, September 16, 2016

တရားမ၀င် ကျောက်စိမ်း လက်ဝယ်ထားရှိပါက ထောင်ဒဏ်ချမှတ်မည့် အမိန့်ဆိုင်းဘုတ် ပြန်ဖြုတ်သိမ်း


ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တရားမ၀င် ကျောက်စိမ်းတူးဖော် လက်ဝယ်ထားရှိ ပါက ဥပဒေအရ ထောင် ၁ နှစ်မှ ၇ နှစ်အထိ ချမှတ်မည့် တားမြစ်မိန့်ရေးသားချိတ်ဆွဲပြီးနောက် သုံးရက်ခန့်အကြာတွင် ပြန်လည် ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံ ဦးလမော်လတောင် ကThe Ladies သို့ စက်တင်ဘာ ၁၅ ရက်တွင် ပြောသည်။
 
“တရားမ၀င် ကျောက်စိမ်းတူးဖော်တယ်ဆိုရင် ပြီးတော့ အဲဒီကျောက်စိမ်း လက်ဝယ်ထားရှိရင် ထောင် ၃ နှစ်ကနေ ၇ နှစ်ဆိုပြီး ရေးချိတ်ထားတယ်လေ။ အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာရော ၊ ကျောက်စိမ်းရုံးရှေ့မှာရော အဲဒီလို ရေးတပ်ထားတာ တွေ့တယ်။ နှစ်ရက်သုံးရက်လောက် ကြာတော့ ပြန်ဖြုတ်သွားတယ်” ဟု ဦးလတောင်က စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်း ပြောသည်။
 
ဖားကန့်ဒေသတွင် ယခင်က တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများ ရှိခဲ့သော်လည်း ယခုအချိန်တွင် ကျောက်စိမ်းကိုသာ အဓိက ထားနေရကြောင်း၊ ကုမ္ပဏီခေတ် ရောက်လာသည့် အခါတွင် ဥယျာဉ်ခြံများ ကို ကျောက်စိမ်းကုမ္ပဏီများက နည်းမျိုးစုံသုံး၍ သိမ်းလိုက်ခြင်းကြောင်း ဒေသခံပြည်သူများအနေဖြင့် လုပ်ကိုင်စားသောက်စရာ နေရာမရှိတော့ဘဲ ကျောက်စိမ်းရှာဖွေခြင်းဖြင့်သာ စားသောက်နေရသည်ဟု ၎င်းကဆိုသည်။
 
“ဒီဖားကန့်ဒေသက ဒေသခံတွေက ရေမဆေးကျောက်ရှာတဲ့ လုပ်ငန်းနဲ့ပဲ အသက်ဆက်နေရတာ သူတို့ ရေမဆေးကျောက် ရှာခွင့်မရတော့ဘူးဆိုရင် စားဝတ်နေရေးအတွက် အများကြီး အခက်အခဲရှိလာနိုင်တယ်ဆိုပြီး တင်ပြထားတာတွေလည်း ရှိတယ်၊ ကျွန်တော်တို့ကတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာပါ” ဟု ကချင်ပြည်နယ် သတ္ထုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီး ဦးလအောန်က The Ladies သို့ပြောသည်။
 
ဖားကန့်ဒေသတွင် စက်ယန္တရားကြီးများ အသုံးပြု၍ ကျောက်စိမ်းကို အလွန်အကျွံတူးဖော်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများရှိနေပြီး နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ် ပေါ်နေသည့် အပြင် ကျောက်စိမ်းတူးဖော်ရာမှ ထွက်ရှိလာသည့် မြေစာများကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် မကြာခဏမြေစာပုံပြိုကျ၍ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
 
The Ladies News




မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: