Friday, September 16, 2016

တောင်ငူတွင် မြေစာရင်းရုံးနှင့် တရားရုံးတို့တွင် တရားဥပဒေစိုးမိုးရေး အတွက် ဆန္ဒပြတောင်းဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် စက်တင်ဘာ ၁၅ ရက်က တောင်ငူမြို့ခံလူ ၅၀ ဦးခန့်က မြေစာရင်းရုံးနှင့် တရားရုံးတို့တွင် တရားဥပဒေစိုးမိုးရေးအတွက် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့သည်။
 
အဆိုပါဆန္ဒပြပွဲအား စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီမှ တောင်ငူမြို့? ကောင်းမှုတော် ဘုရားလမ်း၊ သိန်းတရာ လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်ခဲ့ပြီး တောင်ငူမြို့ရှိ အာဇာနည်ကျောက်တိုင်အထိ လူ ၅၀ ဦးခန့်မှ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
 
ဆန္ဒပြတောင်းဆိုရာတွင် မှန်ကန်၍ တရားမျှတသော တရားဥပဒေစိုးမိုးရေး (ဒို့အရေး)၊ မြေတိုင်းတာမှု အမှန်စာရင်းဇယားများ ထွက်ပေါ်ရေး (ဒို့အရေး)၊ ကွင်းဆင်းတိုင်းတာ ကြည့်ရှုမှုမရှိပဲ မြေစာရင်းမှားများ ပပျောက်ရေး (ဒို့အရေး)၊ ရုံးစာနှင့်ညီညွတ်မှ တရားရုံးသက်သေအဖြစ် လက်ခံပေးရေး (ဒို့အရေး)၊ မြေငှားဂရမ်တွင် ချုပ်ခြယ်မှုများ ပပျောက်ရေး (ဒို့အရေး)၊ အမှုမှန်ပေါ်ပေါက် ရေး (ဒို့အရေး) စသည့် အချက် ၆ ချက်ကို အဓိကထား ကြွေးကြော်ခဲ့ကြသည်။
 
ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဦးလှဌေးက "ကျနော်တို့ပိုင်တဲ့ခြံကို တရားစွဲတဲ့အပေါ်မှာ မှန်ကန်သောနည်းနဲ့ မလုပ်ဘူး။ မြေစာရင်းရုံးနဲ့ပေါင်းပြီး မဟုတ်မမှန်တဲ့ စာရင်းဇယားတွေ ပိုက်ဆံနဲ့ဖန်တီးပြီးတော့ တရားစွဲတင်ခဲ့တယ်။ စည်းကမ်းနဲ့ မညီတဲ့ တင်ပြချက်တွေကို တရားသူကြီးက ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် မနက်ဖြန် အိမ်ဖျက်ပေးရပါတော့မယ်။ အိမ်ဖျက်ရတဲ့အတွက် ဘဝတွေပါ ပျက်ရပါတော့မယ်။ အဘိုးနဲ့အဘွားဟာ အသက် ၇၀ ကျော်တွေပါ။ မြေစာရင်းရုံးက အကျင့်ပျက်သော ဝန်ထမ်းအချို့နဲ့ အဂတိတရားလေးပါး မကင်းရှင်းသော တရားသူကြီးကို မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်"ဟု ပြောသည်။
 
ယင်းတို့ဆန္ဒဖော်သည့် အမှုသည် တောင်ငူခရိုင်တရားရုံး ဇာရီအမှုအမှတ် ၂၁/၂၀၁၄ နှင့်ပတ်သက်ပြီး ဆန္ဒပြခြင်းဖြစ်ကြောင်း၊ အဆိုပါအမှုနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တောင်ငူခရိုင်တရားရုံးက မူလတရားမကြီးအမှုအား အမိန့်ချခဲ့ပြီးဖြစ်ကြောင်း ယင်းအပေါ် တိုင်းဒေသကြီး တရားလွှတ်တော် နှင့် ပြည်ထောင်စု တရားလွှတ်တော်ချူပ်ရုံးအထိ တက်သော်လည်း တရားရုံးအဆင့်ဆင့်မှာ အမှုရှုံးခဲ့ခြင်းများရှိကြောင်း တောင်ငူခရိုင်တရားသူကြီးက ဆိုသည်။
 
Photo - သန့်လွမ်းဝေချစ်(တောင်ငူ)
The Ladies News
 





မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: