ဒါရိုက်တာ မိုက်တီး ခေါ် ကိုသန်းထွန်းဇော်က ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ စက်တင်ဘာ ၁၅ ရက် နေ့လည် ၂ နာရီမှာ ပထမဆုံးအကြိမ် အမှုရင်ဆိုင်ဖို့ အကျိုးဆောင်ရှေ့နေတွေနဲ့ လာရောက်ခဲ့ပါတယ်။
တရားစွဲဆိုခံရသူ ဒါရိုက်တာမိုက်တီးက “စွဲတာကတော့ ကျနော့်ကို ဖေ့စ်ဘွတ်ခ်ထဲက စာကြောင့် သူတို့ နစ်နာတယ်ပေါ့။ နစ်နာတဲ့အတွက်ကြောင့်မို့ သူတို့ ပိုက်ဆံလိုချင်တယ်ပေါ့ဗျာ။ အဲဒါမျိုး စွဲတာဖြစ်ပါတယ်။ ကျနော် ဥပဒေကြောင်းတော့ သိပ်နားမလည်ဘူးဗျာ။ အဲဒါ ရှင်းရမှာပေါ့ ပြန်ပြီးတော့” လို့ ပြောပါတယ်။
ဒါရိုက်တာမိုက်တီးရဲ့ အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသန်းလှိုင်ကလည်း “တရားမမှုစွဲတာ ဖြစ်တဲ့အတွက် ကျနော်တို့က ရုံးလာစရာ မလိုဘူး။ ဒီနေ့က ကိုမိုက်တီးအတွက် ကျနော်တို့က ရှေ့နေပါဝါတင်တာပေါ့နော်။ ဆရာဦးမင်းသူရယ်၊ ကျနော် ဦးသန်းလှိုင်ရယ်။ ကျနော်တို့ ပါဝါတင်တာ။ သူက လာစရာမလိုတော့ဘူး။ နောက်ပိုင်း မလာမနေရ ရုံးချိန်းကျမှ သူက လာရတော့မယ်။ ကျန်တဲ့ဟာတွေက ရှေ့နေလုပ်ငန်းစဉ်အရ ကျနော်တို့က သူ့ကိုယ်စား အမှုကို ရင်ဆိုင်ပေးသွားမှာ” လို့ ပြောပါတယ်။
ဒါရိုက်တာမိုက်တီး အပါအဝင် သရုပ်ဆောင် ညောင်ညောင်နဲ့ အခြားလူ ၈ ဦးတို့က အလဲဗင်းမီဒီယာကို ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဓာတ်ပုံ၊ စာတို့နဲ့ နစ်နာအောင် ဖြန့်ဝေရေးသားထားတယ်ဆိုပြီး စွပ်စွဲခဲ့တာပါ။
မိုက်တီးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက တကြိမ်၊ မိုက်တီးရဲ့ အကောင့်ပွားလို့ စွပ်စွဲထားတဲ့ မှန်ကြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာက တကြိမ်၊ မေလ ၁၉ ရက်နေ့က တကြိမ် နစ်နာအောင် ပြုလုပ်ခဲ့တယ်လို့ အလဲဗင်းမီဒီယာရဲ့ တရားရုံးကို လျှောက်ထားချက်မှာ ဖော်ပြထားပါတယ်။
နစ်နာမှုအတွက် ဒါရိုက်တာမိုက်တီးဆီကနေ နစ်နာကြေး သိန်းပေါင်းတသောင်းတထောင် ရလိုတယ်လို့လည်း တောင်းဆိုထားပါတယ်။
“သူကတော့ နစ်နာမှုရှိတယ်လို့သာ ပြောကြားတဲ့ သူတို့ရဲ့ ပြောကြားချက်အပေါ်မှာ ဒါ ကျနော်တို့က နစ်နာမှုမရှိဘူးဆိုတာ ထုချေသွားရမှာပဲ” လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းလှိုင်က ပြောပါတယ်။
ဒါရိုက်တာမိုက်တီး၏ ရုံးထုတ်ကို လာရောက်ခဲ့သူ သရုပ်ဆောင် ကောင်းမိုးယံက “ဖေ့စ်ဘွတ်ခ်စကားအရ သိတယ်မဟုတ်လား ခေးတို့၊ ကွီးတို့။ အခု သူဖြစ်တဲ့ကိစ္စကလည်း အဲဒါတွေထက် နည်းနည်းမော်ဒန်မြင့်သွားလား မသိပါဘူးဗျာ” လို့ ပြောပါတယ်။
ဒါရိုက်တာမိုက်တီးရဲ့ တရားမမှုကို တိုင်းတရားသူကြီး ဒေါ်အေးသန်းက လက်ခံပြီး ဒုတိယရုံးချိန်းကိုတော့ အောက်တိုဘာ ၃ ရက်နေ့မှာ အကျိုးဆောင်ရှေ့နေတွေကိုပဲ ချိန်းဆိုထားပါတယ်။
“ကျနော်တို့ အစ်ကိုလည်း ဟုတ်တယ်၊ ဆရာဆိုလည်း ဟုတ်တယ်။ ကျနော်တို့ ဖေ့စ်ဘွတ်ခ်မှာ ဖရန့်ဖြစ်နေတဲ့အခါကျတော့ သူ တင်ထားတာလေး ကြည့်ပြီး စိတ်ထဲမှာလည်း မကောင်းဖြစ်မိတယ်။ ဖေ့စ်ဘွတ်ခ်ကဖြစ်တဲ့ကိစ္စလေးကို အဲလို အကြီးအကျယ်ကြီး တရားရုံးထိ စွဲတယ်ဆိုတော့ ကျနော်လည်း တခါမှ မရောက်ဖူးဘူး။ တရားရုံးမှာ တိုင်ပတ်နေတယ် ကျနော်တို့တောင်။ အဲဒီတော့ ကိုမိုက်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်လည်း ဘေးက လာကြည့်တာပေါ့” လို့ သရုပ်ဆောင် ကောင်းမိုးယံက ပြောပါတယ်။
အလဲဗင်းမီဒီယာ တာဝန်ရှိသူတွေကို ဒီဗွီဘီက အမှုကိစ္စနဲ့ပတ်သက်ပြီး ဖုန်းဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလော ပြောဖို့မရှိသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment