Friday, September 16, 2016

နျူကလီးယားစွမ်းအင်စက်ရုံစီမံကိန်း

ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ

ပြင်သစ်နဲ့ တရုတ်အစိုးရတို့က ငွေကြေးစိုက်ထုတ်ပြီး ဗြိတိန်နိုင်ငံမှာ တည်ဆောက်မယ့် နျူကလီးယားစွမ်းအင်စက်ရုံ စီမံကိန်းကို ဗြိတိန်အစိုးရက စက်တင်ဘာ ၁၅ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ဒီ နျူကလီးယားစွမ်းအင်စီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး နိုင်ငံအနောက်တောင်ပိုင်းက ဆန်မာဆက် (Somerset) ခရိုင်၊ ဟင်းကလေ (Hinkley) အငူမှာ တည်ဆောက်မှာပါ။
နဂိုက သဘောတူခဲ့တဲ့ ဒီစီမံကိန်းကို ၀န်ကြီးချုပ်သစ် ထရီဇာမေ တက်လာအပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ ဆိုင်းငံ့ခဲ့တဲ့အတွက်ကြောင့် တရုတ်နိုင်ငံက အပြင်းအထန် ပြစ်တင်ခဲ့တာပါ။
ဗြိတိန်နိုင်ငံ၊ အီးယူအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ခဲ့အပြီး ဗြိတိန်စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ ထပ်မဖြစ်လိုတဲ့အတွက် ဗြိတိန်အစိုးရက တရုတ်နဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားလိုတဲ့သဘော ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒါပေမယ့်လည်း အခုလို လုံခြုံရေးအရ အထိအခိုက်မခံတဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေး စီမံကိန်း ဖြစ်တဲ့အတွက် ဗြိတိန် အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် အစိုးရက ထိန်းချုပ်သွားမှာဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောဆိုပါတယ်။








မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: