Friday, September 16, 2016

ပြည်သူကို အခြေခံသော အပြောင်းအလဲဖြစ်ရန် ကြိုးပမ်းမည်ဟု သမ္မတဆို

မိန့်ခွန်းပြောကြားနေသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်(Myanmar President Office)
ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး အောင်မြင်မှုကို ပြည်သူများ၏ လူနေမှုဘဝများ တိုးတက်ခြင်းနှင့် တိုင်းတာလေ့ရှိ သဖြင့် ပြည်သူလူထုကို အခြေခံ သော အပြောင်းအလဲဖြစ်ပေါ်လာ စေရန် ကြိုးပမ်းမည်ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်း အနားသို့ ပေးပို့သော သဝဏ်လွှာ ၌ ရေးသားထားသည်။
ယခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ လွှတ် တော်ဝင်းအတွင်း ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့ အထိမ်းအမှတ်အခမ်းအနား သို့ သမ္မတက သဝဏ်လွှာပေးပို့ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လာရောက် ဖတ်ကြားခဲ့သည်။
 သမ္မတ၏သဝဏ်လွှာတွင် မြန်မာနိုင်ငံသားများသည် ဒီမိုက ရေစီဆိတ်သုဉ်းသော ဘဝကို ဆယ်စုနှစ်ပေါင်းများစွာ ကျင် လည်ခဲ့ရပြီး ယင်းအနေအထား များမှ လွတ်မြောက်ရန် ပြည်သူ များက တောင်းဆိုလှုပ်ရှားခဲ့သ ဖြင့် ယခုအခါတွင် ဒီမိုကရေစီ လမ်းကြောင်းပေါ် အခြေချမိနေ သော်လည်း ဒီမိုကရေစီစနစ် ရေ ရှည်တည်တံ့အောင် ပြည်သူများက ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ရမည်ဟု ပါရှိသည်။

သဝဏ်လွှာတွင် သမ္မတက ဒီမိုကရေစီ၏သဘောတရားများ ကို ရှင်းလင်းပြထားကာ ယင်းစနစ်၌ နိုင်ငံ့အရေးအရာတို့ကို အများ စုကိုယ်စားပြုသူများက စဉ်းစား ကြံဆဆုံးဖြတ်ကြရပြီး အနည်းစု ၏သဘောထား ဆန္ဒကိုလည်း လျစ်လျူရှုထား၍မရကြောင်း၊ ဒီ မိုကရေစီနိုင်ငံများတွင် နိုင်ငံ့အ ရေးအရာများကို အဖြေရှာရာ၌ နိုင်ငံသားအများ ဝိုင်းဝန်းပါဝင် ရေးကို အလေးထားကာ ပွင့်လင်း မြင်သာစွာ လုပ်ဆောင်လေ့ရှိ ကြောင်း ဆိုထားသည်။
ဒီမိုကရေစီကျင့်စဉ်အတိုင်း ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းမှုနှင့် သာယာဝ ပြောမှုတို့ကို တည်ဆောက်နိုင် မည့်အပြင် ပြည်သူများသည် လွတ်လပ်ခြင်း၊ တန်းတူညီခြင်း၊ တရားမျှတခြင်းတို့ကို ခံစားကြရ လိမ့်မည်ဟု အခိုင်အမာယုံကြည် ကြောင်း သမ္မတက သဝဏ်လွှာ တွင် ထည့်သွင်းရေးသားခဲ့သည်။
ထို့အပြင် သမ္မတက ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်အောင် တည်ဆောက် နိုင်ရေးအတွက် ဒီမိုကရေစီစိတ် ဓာတ်နှင့် ဒီမိုကရေစီကျင့်စဉ်ကို အရင်းခံကာ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် နားလည်ပေးမှု၊ လေးစားယုံကြည်မှု၊ ချစ်ကြည် ရင်းနှီးမှုများဖြင့် စုပေါင်းပါဝင် ဆောင်ရွက်သွားကြရန်ကိုလည်း သဝဏ်လွှာမှ တစ်ဆင့် တိုက်တွန်းထားသည်။
 မြန်မာ့နိုင်ငံရေး အပြောင်းအလဲများဖြစ်ပေါ်ပြီးနောက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီးမှစတင်ကာ စက်တင်ဘာ ၁၅ ရက်ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကျင်းပနေသည်မှာ ယခုနှစ်အပါအဝင် ခြောက်ကြိမ်မြောက်ရှိပြီဖြစ်သည်။
ယခုလ ၁၅ ရက်က ကျင်းပ သောယင်းနေ့အခမ်းအနားသည် သမ္မတ ဦးထင်ကျော် အစိုးရသစ်လက်ထက်၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကာ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းခဲ့သော ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်သည် နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်မည်ဟု ပြောကြားထားသည်။




မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments:

Post a Comment