Saturday, August 6, 2016

"ISIS"ဆိုသည့် အဓိပ္ပါယ်က(Islamic State of Iraq & Seria)ကိုခေါ်ဆိုခြင်းဖြစ်တယ်။

April -2010ခုနှစ်မှာ" ISIS"ခေါင်းဆောင်အဖြစ် (Abu Bakr al-Bagh dadi)ကို ခန့်အပ်ခဲ့ပါတယ်...
သူခေါင်းဆောင်ဖြစ်လို့ သုံးနှစ်ခန့်ကြာသောအခါတွင်(April -2013)မှာ နောက်ထပ် အင်အားကြီးမားသော (Islamic State of Irap and al-Sham)အပြည့်အစုံကတော့(Islamic State of Irap and the Levant)(ISIL)ဆိုပြီး နာမည်နောက်တစ်မျိုးနဲ့ အသစ်ထပ်ပြီး ဖွဲ့စည်းလိုက်ပါတယ်။

"Levant"ဆိုသည်မှာ "Greater Syria "အကြီးမားဆုံးနဲ့အမြင့်မြတ်ဆုံးသော ဆီရီးယားလို့ ဖော်ညွှန်းထားခြင်းဖြစ်ပါတယ်။

စစ်တပ်အတွင်းလူအင်အားများပြားလာသည့်အလျောက် ဆီရီးယားထဲမှာ ထပ်ပြီး နယ်ချဲ့ထွင်လာတဲ့သဘောဖြစ်ပါတယ်..

သူတို့အဖွဲ့အစည်းတွေဟာ ၀င်ငွေကိုဘယ်က ရှာရသလဲဆိုရင် လောင်စာဆီ (ရေနံ)က အဓိက ရရှိပါတယ်။

ရက်စက်ကြမ်းကြုပ်ပြီး အပြောနဲ့အလုပ် ညီအောင်တကယ်လက်တွေ့လုပ်တတ်ကြတယ်။အဖွဲ့ခွဲငယ်ပေါင်းများစွာရှိပါတယ်။

သူတို့အစွန်းရောက်တယ်ဆိုတာက စည်းမထားဘူး..သူတို့ဟာ အစ္စလမ်ဘာသာဝင်ဆိုပေမဲ့ အစ္စလမ်ဘာသာဝင်များကိုလည်း သတ်ဖြတ်ပစ်ဖို့လည် ၀န်မလေးသလို..သူတို့ကို တိုက်ခိုက်လာသည့် နိုင်ငံအဖွဲအစည်းမှန်သမျှ မည်သည့်ဘာသာဝင်မဆို အမိအရဖမ်းဆီးပြီး ရက်စက်စွာ နည်းမျိုးစုံလုပ်၍ သတ်ဖြတ်တတ်ကြပါတယ်။

ဒီလိုလုပ်ရပ်တွေကို ဆီရီးယားနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ အစ္စလမ်ဘာသာဝင်အများစုက လက်မခံကြပါဘူး ..ရှုတ်ချကြပါတယ်....

သူတို့ကြောင့်လည်း ဆီရီယားမှာနေထိုင်ကြတဲ့ အပြစ်မဲ့ အစ္စလမ်ဘာသာဝင်များနှင့် ကလေးသူငယ်အများအပြား ယနေ့အချိန်အထိ့ ဝေဟင်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးနေရစဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ အစ္စလမ်နိုင်ငံဆိုပေမဲ့ နှစ်စဉ် isisစစ်သွေးကြွများကို ဖမ်းစီးထောင်ချလေ့ရှိပါတယ်။ဒါ့ကြောင့်လည်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို အလိုရှိနေပုံရပါတယ်။

နိုင်ငံအလိုက်မှာ isisအဖွဲ့ဝင်တွေ စစ်သွေးကြွတွေ ရှိနေပါတယ်..ISISကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုတာ လုံးဝလုံးဝ မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။

ISISအဖွဲ့ဝင်တွေဟာ ဘယ်ကနေဘယ်လို ရောက်ရှိလာသလဲလို့မေးရင် ဘယ်ကမှ ၀င်ရောက်လာခြင်းမဟုတ်ပါ..အများဆုံးကတော့ မိမိပြည်တွင်းမှာနေထိုင်တဲ့ နိုင်ငံသားများထဲကသာဖြစ်ပါတယ်။

သူတို့တွေဟာ ဘာသာတစ်ခုပေါ်အခြေခံပြီး အယူကြီး၍ isisကိုထောက်ခံကာ သူတို့ကိုယ်တိုင်လည်း အစွန်းရောက်သွားကြခြင်းဖြစ်ပါတယ်။ဒါ့ကြောင့်လည်း သူတို့ကိုယ်တိုင် Onlineမှတစ်ဆင့် အချိတ်ဆက်လုပ်၍သာ isisအဖွဲထဲသို့ ၀င်ရောက်သွားခြင်းဖြစ်ပါတယ်။

အဖွဲ့ဝင်ဖြစ်သွားပြီဆိုတာနဲ့ အထက်က အမိန့်ပေးသည့်အတိုင်း ကိုယ်ရောက်ရှိနေသည့်အရပ်မှာ အသေခံ၍ အများပြည်သူ ဒုက္ခရောက်အောင် ဖောက်ခွဲဖျက်ဆီးရေးတွေကို လုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းက အစ္စလမ်ဘာသာဝင်တွေဟာ isis အဖွဲ့ကို ချီးမြောက်အားပေးလိုခြင်း မရှိပါဘူး..

တကယ်တော့ အစွန်းရောက်မှု့တွေဟာ ကိုယ့်အတွက်လည်းအကျိုးမရှိသလို...နိုင်ငံနဲ့လူမျိုး ဘာသာအတွက်လည်း အကျိုးမရှိပါဘူး...

ဒါ့ကြောင့် ဘာပဲလုပ်လုပ် အစွန်းမရောက်ပါစေနဲ့...

ကျေးဇူးတင်ပါတယ်...ကျွန်တော် ဘ၀ခါးခါးပါ။

ဘ၀ခါးခါး✏

No comments:

Post a Comment