Saturday, August 6, 2016

တတိယလှိုင်းနှစ်မျိုး ဟန်တင်တန်နှင့် တော်ဖလာကို မြန်မာလိုတွေးခြင်း

(၁)
‘တတိယလှိုင်း’ဟု ဆိုလိုက်လျှင်ဒီမိုကရေစီတူးပြောင်းဖော်ဆောင်ခြင်း တတိယလှိုင်းအကြောင်း ဖတ်ရှုသိရှိမိကြသူတွေ ယခုနှစ်ပိုင်းတို့မှာ ပိုများပါလိမ့်မည်။ ဟန်တင်တန် (Samuel P.Huntington) သတ်မှတ်ခွဲခြားပြခဲ့သော တတိယလှိုင်းအစမှာ ၁၉၇၄ခုနှစ် စပိန်အာဏာရှင်ဖရန်ကို လက်အောက်မှ လွတ်မြောက်၍ စပိန်ဒီမိုကရေစီ အစပြန်ပျိုးခြင်း၊ ပေါ်တူဂီစစ်အာဏာရှင်စနစ် အဆုံးသတ်သွားခြင်းဟု အကောက်အယူများ ထင်ရှားပါ၏။ ၂၀ ရာစုနှောင်းပိုင်း ကမ္ဘာ့နိုင်ငံအများအပြား ဒီမိုကရေစီကို ပိုဦးတည်တိမ်းညွှတ်ရွေ့လျားလာခြင်းအပေါ် အသေးစိတ်ခွဲခြမ်းစိပ်ဖြာ သုံးသပ်ပြထားပါ၏။ ၁၉၈၈ မြန်မာ့ဒီမိုကရေစီရေး ရုန်းကြွမှုကြီးကိုပင် ဤတတိယလှိုင်းထဲ၌ ပါဝင်နေကြောင်းထောက်ပြပြော ဆိုသူများလှသည်။ သို့ငြား မြန်မာ၏ ရုန်းကြွမှုခရီးကြမ်းကြီးကတော့ နှစ်ပေါင်း၂၀ ကျော် ထပ်မံကြာမြင့်ခဲ့ကြရပြီး ယခုမှအကူးအပြောင်းလမ်းမပေါ် မေးတင်ခါစ၊ ရောက်ရှိလာခါစ အနေအထားဟု ပြောနိုင်ပါ၏။
ဟန်တင်တန်၏ တတိယ လှိုင်းကား လူပြောသူပြောများလှ သော ဒီမိုကရေစီရေး၌ အကြီး ကျယ်ဆုံး၊ အထင်ရှားဆုံး စာအုပ်၊အယူအဆများနှင့် လေ့လာတင် ပြချက်ဟု ဆိုကြပါသည်။ ဆို လည်း ဆိုနိုင်လောက်ပါသည်။ ကိုယ့်နိုင်ငံလည်း ဒက်ထိပါနေ သည်လေ။ ထိုစာအုပ်မှ မြင် အောင်ကြည့်၍ ယူစရာတွေ အ မြောက်အမြားရှိနေဆဲဖြစ်၏။

(၂)
နောက်ထပ် ‘တတိယလှိုင်း’ တစ်ရပ်အကြောင်း ပြောလိုပါ သည်။
ဟန်တင်တန်လောက် မကျော်ကြားသော်လည်း ကမ္ဘာ မှာတော့ သူ့နည်းသူ့ပုံစံဖြင့် လူသိ များပါသည်။ မြန်မာနှင့်တော့ အ နည်းငယ်စိမ်းနေပါဦးမည်ဟု ယူ ဆရသော အယ်လ်ဗင်တော်ဖလာ (Alvin Toffler)၏ တတိယလှိုင်း (The Third Wave)ကို ခြုံပြောပြီး အနာဂတ်အတွက် ခန့်မှန်းချက် ထုတ်ယူခြင်းဖြင့် တတိယလှိုင်းအ ကြောင်း ပြောခဲ့သည်။ လူသား၏ ဖြတ်သန်းရာခေတ်ကြီး ငါးခေတ် ကို လှိုင်းသုံးလှိုင်းအနေဖြင့် ပုံဖော် ပြခဲ့သည်။ သမိုင်းမစတင်မီခေတ်၊ သမိုင်းဦးဘုံမြေခေတ်၊ ကျေးကျွန် ခေတ်၊ ပဒေသရာဇ်ခေတ်၊ ယနေ့ ခေတ်.. ဟု အလွယ်ကောက်ယူ ထားကြသော ခေတ်ငါးခေတ်၊ လှိုင်းသုံးလိုင်း။
ဂူအောင်း၊ အမဲလိုက်ဘဝ ပုံစံများမှ စိုက်ပျိုးမွေးမြူလုပ်ကိုင် စားသောက်နေထိုင်လာတတ်ချိန် ကို လူ့အဖွဲ့အစည်း၏ ပထမလှိုင်း စတင်ခြင်းဟု ဆို၏။ ထိုပထမ လှိုင်းသည် ထောင်စုနှစ်များစွာ ကြာမြင့်ခဲ့ပါသည်။ ဒုတိယလှိုင်း စတင်ချိန်ကိုတော့ ၁၇ ရာစုနှောင်းပိုင်း စက်မှုတော်လှန်ရေးကာလ ဟု ယူထားပြီး ဒုတိယကမ္ဘာစစ် လွန် ၂၀ ရာစုအလယ်ပိုင်း အကျော်ကာလအထိ နှစ်ပေါင်း ၃၀၀ ခန့် ဟုယူသည်။ တတိယလှိုင်းအစ အဖြစ် ၁၉၆၀ ပြည့်ခါနီးကာလကို ယူပြီး ယခုလက်ရှိ ကမ္ဘာ့လူ့အဖွဲ့ အစည်းတည်ရှိနေထိုင်ရာ စက်မှု လွန်ခေတ်၊ ရွာကြီးတစ်ရွာထဲမှ မိသားစုကြီးတစ်ခုဖြစ်လာသော ခေတ်ဟု တော်ဖလာက ဖွင့်ဆိုပြ ထားပါသည်။
ဆိုတော့ကာ.. တော်ဖလာ ၏ ဖွင့်ဆိုချက်အရ ဆိုပါက ပထမ လှိုင်းသည် စိုက်ပျိုးရေးလှိုင်း၊ ဒုတိယလှိုင်းသည် စက်မှုလှိုင်း၊ တတိယလှိုင်းကတော့ ပိုမိုထွေ ပြားမြင့်မားသော အီလက်ထရွန် နစ်၊ ဒစ်ဂျစ်တယ်နှင့် အင်ဖော်မေး ရှင်းလှိုင်း.. ဟု မြင်ကြရပါ၏။
(၃)
ဟန်တင်တန်၏ ၂၀ ရာစု နှောင်းပိုင်း ဒီမိုကရေစီဖော်ဆောင်ကူးပြောင်းခြင်း တတိယလှိုင်းစာ အုပ်က ၁၉၉၁ ခုနှစ်မှာ ပထမဆုံး အကြိမ် ထုတ်ဝေထွက်ရှိခဲ့သည်။
တော်ဖလာ၏ တတိယလှိုင်း စာအုပ်ကတော့ ၁၉၈၀ ကတည်း က ထွက်ရှိခဲ့တာဖြစ်သည်။ သတင်းခေတ်၊ အာကာသခေတ်၊ ကမ္ဘာ့ရွာ စသောဝေါဟာရတွေကို အစောဆုံးထုတ်ဖော်သုံးစွဲထား သည်။ ဂလိုဘယ်လိုက်ဇေးရှင်း အစပိုင်းနိဒါန်းအပျိုးဟု ယူဆသူ များလှ၏။ တကယ်တမ်းပြောရ လျှင် တော်ဖလာသည် အနာဂတ္တိ ဂုရု (Futurist)ပါရဂူတစ်ဦးဖြစ် ၏။ ပထမဆုံးထုတ်စာအုပ် အနာ ဂတ်ရှော့ခ် (Future Shock ၁၉၇၀ထုတ်) ကတည်းက ၂၁ ရာစုကမ္ဘာမှာ ဘာတွေကြုံတွေ့လာရနိုင် သလဲဆိုခြင်းအပေါ် ရေပက်မဝင် တွက်ချက်ခန့်မှန်းပြထားခဲ့၏။ ဒုတိယစာအုပ် တတိယလှိုင်း ထွက်ရှိအပြီးမှာတော့ တော်ဖလာ ကို ကမ္ဘာက ကြိုတင်ဟောကိန်း ထုတ်ခြင်းဆိုင်ရာ လူမှုသိပ္ပံဆရာ ကြီး တစ်ဆူဟု သတ်မှတ်နေရာ ပေးလိုက်ပါတော့သည်။  ဤစာ အုပ်နှစ်အုပ်အပြင် စုစုပေါင်း ၁၄ အုပ် ရေးသားခဲ့၏။ ပညာလူ့အဖွဲ့ အစည်းဖြစ်ထွန်းရေးကို ညွှန်းဆို ထုဆစ်ပြထားသော ပါဝါအရွေ့ (Power Shift-၁၉၉၀)နှင့် ၂၀၀၆ ခုနှစ်ထုတ် နောက်ဆုံးစာအုပ် ‘ပြောင်းပြန်လည်သွားသော ဓန’ (Revolutionary Wealth)စာအုပ် များသည်လည်း ပစ္စုပ္ပန်ထက် အနာဂတ်ကို ပိုမိုပုံဖော်ပြထား သည့် ပုံစံပိုပေါ်လွင်ပါသည်။
ခေတ်ငါးခေတ်၊ လှိုင်းသုံး လှိုင်း ပိုင်းခြားပြထားသော တတိ ယလှိုင်းစာအုပ် ထွက်ရှိပြီးက တည်းက တော်ဖလာကမ္ဘာကျော် ပညာရှင်ဖြစ်ခဲ့ပြီးဖြစ်၏။ ပါရဂူဘွဲ့တွေ များစွာရရှိခဲ့၏။ ၂၀ ရာစု နှောင်းပိုင်းနှင့် ၂၁ ရာစုဖြစ်နိုင်ခြေ များအပေါ် စာတမ်းများစွာလည်း ပြုစုခဲ့ပြီး တက္ကသိုလ်များစွာ၌ ပြန် လည်ပို့ချခဲ့၏။ မြန်မာမှာ ၂၀၀၀ ပြည့်နှစ်အလွန်လောက်ကတည်း က တော်ဖလာကို မိတ်ဆက်ပေးမှု တချို့တလေရှိခဲ့သော်လည်း ဟန် တင်တန်လောက် လူသိမများပါ။ သိပ်လည်း ရေးခွင့်မရှိ၊ မရခဲ့ပါ။ ၂၀၁၀ နောက်ပိုင်း ဖြေလျှော့လာ ချိန်၌လည်း ဟန်တင်တန် တတိယလှိုင်းက ဒီမိုကရေစီရေးဆိုင်ရာ နိုင်ငံရေးသိပ္ပံစာအုပ်ဖြစ်၍ အား ကိုးအားထား ပိုများပါသည်။ ထား.. အနာဂတ္တိဂုရုကြီး တော် ဖလာ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် နေ့က ကွယ်လွန်သွားခဲ့ပါပြီ။
(၄)
 ကောင်းပါပြီ.. ။ တတိယ လှိုင်းနှစ်မျိုးကို မြန်မာအတွက် မြန်မာလို တွေးကြည့်ကြပါမည်။
တော်ဖလာပြောခဲ့၊ ခွဲခြားပြ ခဲ့သော စိုက်ပျိုးရေးလှိုင်း၊ စက်မှု လှိုင်း၊ အင်ဖော်မေးရှင်း အဓိက တတိယလှိုင်း.. ဘယ်လှိုင်းထဲမှာ မြန်မာရှိနေသည်လဲ။ တိုက်ရိုက် ညွှန်းဆိုပြချက်အရဆိုလျှင် စက် မှုလွန်ခေတ်ကို မရောက်သေးတာ ကတော့ သေချာ၏။ ထို့ကြောင့် အင်ဖော်မေးရှင်း အဓိက၊ ပညာ ခေတ်ကို မရောက်သေးတာလည်း အမှန်ပင်ဖြစ်၏။ လက်ရှိမျက် မှောက် မြန်မာ့လူဦးရေ၏ ရာခိုင် နှုန်း ဘယ်မျှက ဘာလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်စားသောက်နေ ထိုင် အသက်မွေးနေကြရသေး သည်လဲ.. ။
ဦးနေဝင်း၏ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ် (၁၉၈၈ မှာ နိဂုံးချုပ်)တုန်းက ‘လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့’ ဟု ကြုံးဝါးခဲ့၏။ ၁၉၈၈ အလွန် နဝတ၊ နအဖခေတ်များမှာလည်း ‘စိုက်ပျိုးရေးကို အခြေခံ၍ ဈေး ကွက်စီးပွားရေးကို ရှေးရှုဦးတည် သော စက်မှုကဏ္ဍ.. ’ စသဖြင့် မျိုးတွေကြွေးကြော်ခဲ့၏။ ၂၀၁၁ အရပ်သားတစ်ပိုင်း အစိုးရနှင့် ၎င်းအလွန် ယနေ့ ၂၀၁၆ ဒီချုပ်အစိုးရ ခေတ်၊ ဒီမိုကရေစီအကူးအပြောင်းလမ်းကြောင်းမှန်ပေါ် စတင် ရောက်ရှိလာနေခဲ့ချိန်အထိကော.. ။
 ဒီမိုဂရပ်ဖီနှင့် နိုင်ငံရေး ဘောဂဗေဒတွေပါ ထည့်တွက်ပါ က အခြေခံအဆောက်အအုံတစ် ရပ်လုံး၏ ပညာရေး၊ စက်မှုကဏ္ဍ တို့လောက်ကိုပဲကြည့်လျှင် ရှင်း ရှင်းလင်းလင်း မြင်နိုင်ကြပါ၏။ မြန်မာသည် (တော်ဖလာပြော သော) ပထမလှိုင်းထဲမှာပဲရှိနေပါ သေးသည်။ ခပ်ပြတ်ပြတ်ပြောရ လျှင် ဥရောပနှင့် ကမ္ဘာ၏ စက်မှု တော်လှန်ရေးကာလ ၁၈ ရာစု အစလောက်မှာပဲ ရှိသေးသည်။ သာသာထိုးထိုးလေး ပြောရလျှင် တော့ ဒုတိယလှိုင်းပေါ် ကူးဖို့၊ ရောက်ဖို့ တာစူနေရသေးချိန်ဟု ဆိုနိုင်ပါမည်။
ကမ္ဘာ့ရွာ၊ ဂလိုဘယ်လိုက် ဇေးရှင်း သက်ရောက်ရိုက်ခတ်မှု နှင့် ဒီမိုကရက်တိုက်ဇေးရှင်း ကြောင့် အင်ဖော်မေးရှင်း အဓိက တတိယလှိုင်းကိုတော့ အနည်း ငယ်မျှလိုက်ပါ စီးမျောနိုင်ခွင့်ရရှိ ထားသည်။ သို့ဆိုလျှင် တော် ဖလာ၏ ပထမလှိုင်းထဲမှာပဲရှိနေ သော မြန်မာ။
(၅)
အပြုသဘောဘက်က ကြည့်မြင်ယူကြမည်။ အရှိတရားကို လည်း လက်ခံထားကြရမည်။
တော်ဖလာ၏ ဒုတိယလှိုင်း ကိုတောင် မစီးနင်းနိုင်ခဲ့ကြရသေး ခြင်း၏ အဓိကပွိုင့်မှာ ရာစုနှစ် တစ်ဝက်ကျော် အာဏာရှင်စနစ် (များ)နှင့် ပြည်တွင်းစစ်၊ ပြည် တွင်းလက်နက်ကိုင်ပဋိပက္ခများ ကြောင့်သာဖြစ်ကြောင်း ရှင်းလင်း လှပါသည်။ ခေါင်းဆောင်မှုအ ပိုင်းများ၌ စေတနာမထားခဲ့ကြ၊ မပါခဲ့ကြသလို အာဏာတည်မြဲ ရေး သက်သက်အတွက် အချိန် ကာလတွေ အလဟဿဖြစ်ခဲ့ရ ပါ၏။
ဟန်တင်တန်၏ တတိယ လှိုင်းအရတော့ မြန်မာသည် ဒီမို ကရေစီအကူးအပြောင်း စတင်ရာ ကာလတစ်ရပ်အတွင်း ရောက်လာသော နိုင်ငံ၊ မြန်မာပြည်သူလူထု နိုင်ငံသားအများစုကြီးကို အခြေပြုထားသော လက်ရှိအစိုး ရ။ အာဆီယံကိုကျော်၍ ကမ္ဘာကိုပါ ကောင်းစွာဖြန့်ကြက်ပျံ့နှံ့လာ နေသော နိုင်ငံပုံရိပ်။
စိန်ခေါ်မှုတွေကတော့ တင်း ကြမ်းပြည့်နေပါ၏။ အားသာချက်၊အားနည်းချက်၊ အခွင့်အလမ်း၊ အကျပ်အတည်း.. တွေကလည်း နယ်ပယ်ကဏ္ဍနေရာပေါင်းစုံ၊ ထောင့်ပေါင်းစုံမှာ ပြောမကုန် အောင် ရှိနေပါ၏။ စက်မှုခေတ် ပင် ပီပီမရောက်သေး၍ အကူး အပြောင်းကို စေတနာမှန်ကန်စွာ ဦးဆောင်မှုအခန်းကဏ္ဍဖြင့် စတင်ကြရမည့်ကာလ၌သာရှိ သေး၍ ပြောစရာတွေများမှာ ဖြစ် သလို လုပ်စရာတွေက ပိုများပါ လိမ့်မည်။ ပညာရှေ့တန်းရောက် လူ့အဖွဲ့အစည်းဖြစ်ဖို့ ကမ္ဘာ့ရွာနှင့်  အင်ဖော်မေးရှင်းက အများကြီး အထောက်အကူပြုပေးနိုင်သည်။ ၂၁ ရာစု ဒီမိုကရက်တိုက်ဇေးရှင်း အားသာချက်တွေကို ကောင်းစွာ ယူငင်သုံးစွဲ၍ ရသည်။
ရာစုနှစ်တစ်ဝက်ကျော် အ ချည်းနှီးနိုင်ငံဖြစ်စေခဲ့ရသော အ ကြောင်းရင်းနှစ်ရပ်ကို ပြေလည် အောင် ကိုင်တွယ်ဖြေရှင်းနိုင်လျှင် ဖြတ်သန်းကျော်လွှားနိုင်ကြလျှင် တော့ တော်ဖလာ၏ ဒုတိယလှိုင်း ကို ဟန်တင်တန်၏ တတိယလှိုင်း ဖြင့် ပိုမြန်မြန်သွက်သွက် စီးနင်း ရွေ့လျားရောက်ရှိနိုင်ကြပါလိမ့် မည်။    ။

No comments: