Saturday, August 6, 2016

ဦးပိန်တံတား ယာဉ်ရပ်နားလုပ်ငန်းလေလံငွေဖြင့် အမရပူရ ရေဘေးသင့် ပြည်သူများအား စတုဒိသာကျွေးမွေးမည်

ဦးပိန်တံတား ယာဉ်ရပ် နားအပ်နှံလုပ်ငန်း လေလံရငွေမှ အမရပူရမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား စတုဒိသာ လိုက် လံကျွေးမွေးမည်ဟု သတင်းရရှိ သည်။
အမရပူရမြို့ တောင်မင်းကြီး မြတ်စွာဘုရား ဦးဆောင်နာယက ဆရာတော်ကြီးများ၏ သြ၀ါဒခွင့် ပြုချက်အရ တောင်မင်းကြီးမြတ် စွာဘုရားဂေါပကအဖွဲ့နှင့် အကျိုး ဆောင်အဖွဲ့၊ အမရနိဗ္ဗာန် မော် တော်ယာဉ်အဖွဲ့၊ ပုည၀ဋဏ ၀တ် အသင်းအဖွဲ့တို့ ဦးဆောင်ကာ တောင်သမန်အင်းပတ်လည်ရှိ ရေ ဘေးသင့်ပြည်သူများအား စတုဒိ သာများ လိုက်လံကျွေးမွေးမည်ဖြစ် ကြောင်း  ယာဉ်ရပ်နားလုပ်ငန်းလေ လံငွေများကို စီမံခန့်ခွဲသည့် တောင်မင်းကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။

 ‘‘ဒီယာဉ်ရပ်နားအပ်နှံခွင့်ရ တဲ့ ငွေထဲကနေ ပြန်လှူတာပါ။ ဦးပိန်တံတား လာလည်တဲ့သူတွေ လည်း ကုသိုလ်ရအောင်၊ တံတား ပတ်ဝန်းကျင်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေလည်း အဆင်ပြေ အောင် လှူဒါန်းရခြင်းဖြစ်ပါတယ်’’ ဟု ဦးသန်းမြင့်ကပြောသည်။
လေလံရငွေထဲမှ ကျပ် ၂၅ သိန်းကို ရေဘေးသင့်ပြည်သူများ အတွက် စတုဒိသာကျွေးမွေးမည် ဖြစ်ပြီး ကျပ် ၂၅ သိန်းကို တိုင်းဒေ သကြီး အစိုးရထံ လှူဒါန်းမည်ဟု သိရသည်။
 သြဂုတ် ၇ ရက်မှ စကာ အမရပူရမြို့နယ် ရွှေဂွမ်းထုတ်ရပ် ကွက်တွင် စတင်ကျွေးမွေးမည်ဖြစ် ပြီး ပန်းဘဲ၊ ဟင်္သာ၊ အိုးတော် အစရှိသည့် ရပ်ကွက်၊ ကျေးရွာများနှင့် အမရပူရမြို့နယ်ရှိ ရေဘေး သင့်ကျေးရွာများသို့ သွားရောက် ၍ ဆက်လက်ကျွေးမွေးမည်ဟု ဆို သည်။
ထို့ပြင် မန္တလေးတိုင်းဒေသ ကြီး ရေဘေးကယ်ဆယ်ရေးလုပ် ငန်းများအတွက်လည်း အလှူငွေ သွားရောက်လှူဒါန်းမည်ဟု သိရ သည်။
 အမရပူရမြို့နယ်တွင် တောင်သမန်အင်းရေ မြင့်တက် လာမှုကြောင့် အင်းပတ်လည်ရှိ ပန်းဘဲ၊ ရွှေဂွမ်းထုတ်၊ အိုးတော် အစရှိသည့် ရပ်ကွက်များတွင် ရေဘေးသင့်ပြည်သူ ငါးထောင်ကျော် ရှိနေပြီး သောက်ရေသုံးရေ အခက် အခဲများ ဖြစ်ပေါ်နေသည်။

No comments:

Post a Comment