Saturday, August 6, 2016

ရေဘေးသင့်ဒေသများ မြွေအန္တရာယ်နှင့် သောက်သုံးရေအခက်အခဲ အဓိကရင်ဆိုင်နေရ

ရေဘေးသင့်ဒေသများ တွင်  မြွေအန္တရာယ်နှင့်သောက် သုံးရေရှားပါးမှုကိုအဓိကရင်ဆိုင်နေ ရကြောင်း ဒေသခံများနှင့် ကယ် ဆယ်ရေးလုပ်ဆောင်နေသူများ ကပြောသည်။

‘‘တချို့ရွာတွေ ရေပြတ်လပ် တဲ့အထိ ဖြစ်နေပြီ။ မြစ်ရေတွေက နောက်ကျိနေတော့ သုံးမရဘူး။ နောက်ပြီး စပါးပင်တွေရေဖုံးလွှမ်း ခံရတော့ ရေကအနံ့ထွက်နေပြီ။  ဒါကြောင့် ရေဘေးသင့်ဒေသတွေ မှာ သောက်သုံးရေအင်မတန်အ ရေးကြီးနေတယ်’’ဟု ပွင့်ဖြူမြို့ရှိ ရေဘေးသင့်ကျေးရွာများတွင် ကယ်ဆယ်ရေးပစ္စည်းများဝေပေး နေသော ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေး ကွန်ရက်ဒုဥက္ကဋ္ဌဆရာတော်ဦးကု မုဒြက မိန့်ကြားသည်။

  မြွေအန္တရာယ်မှာလည်း ရေဘေးသင့်ဒေသများကို  ခြိမ်း ခြောက်နေပြီး  ပွင့်ဖြူမြို့ ကျေးရွာ တစ်ရွာတွင် လူတစ်ဦး မြွေပွေးအ ကိုက်ခံသောကြောင့် ဆေးကုသ ရန် ကူညီပေးခဲ့ရကြောင်း ဆရာ တော်က မိန့်ကြားသည်။

7Day Daily က ရေဘေး သင့်ဒေသတွင် သတင်းယူနေစဉ် ၌ ရေဘေးကယ်ဆယ်ရေးစခန်းအ ချို့အနီးတွင် အဆိပ်ပြင်းသော မြွေအချို့ကို တွေ့မြင်ခဲ့ရသည်။

‘‘ညဘက်အိပ်နေရင်တောင် ကလေးတွေအတွက်  စိတ်မချ ဘူး။ မြွေက တဲပေါ်တက်ခွေနေ ရင်မလွယ်ဘူး။ ကျွန်တော်တို့နား မှာလည်း ခဏခဏတွေ့နေရ တယ်။ မြွေဆိပ်ဖြေဆေးလိုမျိုး ဆေးတွေကယ်ဆယ်ရေးဆေးကု အဖွဲ့တွေမှာ အလုံအလောက်ရှိ နေစေချင်တယ်’’ဟု ပွင့်ဖြူမြို့ ကုန်းဇောင်းရွာအနီး  ကယ်ဆယ် ရေးစခန်း၌ ခိုလှုံနေသူတစ်ဦးက ပြောသည်။

  စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်  ပြန်လည်နေ ရာချထားရေးဦးစီးဌာနညွှန်ကြား ရေးမှူးဦးစ၀ီလီယမ်ဖရန့်စ်က ဒေ သတွင်းရေဘေးသင့်ကျေးရွာများ တွင် မြွေအန္တရာယ်သတိထားရေး ပညာပေးလုပ်ဆောင်နေကြောင်း ပြောသည်။

No comments:

Post a Comment