Saturday, August 6, 2016

ရေအားလျှပ်စစ်စီမံကိန်းများ အစိုးရသက်တမ်းရက်တစ်ရာကျော်လာသော်လည်း မစသေး


အစိုးရသစ်သက်တမ်း ရက်ပေါင်း တစ်ရာကျော်လာ သော်လည်း ရေအားလျှပ်စစ်စီမံ ကိန်းစတင်လုပ်ဆောင်နေခြင်း မရှိကြောင်း ရေအားလျှပ်စစ်စီမံ ကိန်းဦးစီးဌာနမှ သတင်းရရှိသည်။

‘‘အစိုးရအကူအပြောင်းကာ လဆိုတော့ စည်းကမ်းတွေလည်း ပြောင်းတယ်။ အစိုးရသစ်နဲ့ ၀န် ထမ်းတွေအကြား ကြားကာလဖြစ်တဲ့အတွက် အသစ်လက်ခံဖို့နေ နေသာသာလက်ခံထားတဲ့ စီမံကိန်းတွေတောင် မစရသေးဘူး’’ဟု ရေအားလျှပ်စစ် စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ယခင်အစိုးရ လုပ်ကိုင်ခဲ့ သော စီမံကိန်းများကို လက်ရှိအ စိုးရက ဖျက်သိမ်းလိုသည်ဟူသောသတင်းများ အစိုးရ၀န်ကြီးဌာနများအတွင်း ထွက်ပေါ်ခဲ့သော်လည်း ၎င်းတို့ဝန်ကြီးဌာနတွင် ခွင့်ပြုပြီးသားစီမံကိန်းများနှင့် ပတ်သက်၍ အစိုးရက မည်သည့်မှတ်ချက်မျှမပေးထားကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဦးသိန်းစိန် အစိုးရသက်တမ်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်း ၄၄ ခု ရှိသော်လည်း လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးပေ။

 ရေအားလျှပ်စစ်စီမံကိန်း ၅၁ ခုတွင် နားလည်မှုစာချွန်လွှာ ရေးထိုးထားသည့် ရေအားလျှပ် စစ်စီမံကိန်းပေါင်း ၂၁ ခုရှိပြီး စီမံ ကိန်းအကောင်အထည်ဖော်ရန် MOA လက်မှတ်ရေးထိုးသည့် စီ မံကိန်းမှာ ၁၂ ခုရှိသည်။ အစိုးရ ကိုယ်တိုင်အကောင်အထည်ဖော် မည့်စီမံကိန်း ငါးခုရှိပြီး အစိုးရ၊ ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည့် စီမံကိန်း ခြောက်ခုရှိသည်။

အကောင်အထည်ဖော်ရန်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်း ၄၄ ခုအနက် တရုတ်ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရရှိထားသော ရေအားလျှပ်စစ်စီမံကိန်း ၂၉ ခုရှိသည်။ အစိုးရသစ်လက်ထက်တွင် အကောင်အထည်ဖော်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အစိုးရအလွှဲအပြောင်းမလုပ်မီ ယခုနှစ်ဆန်းပိုင်း၌ သဘောတူညီခဲ့သည်။

စီမံကိန်းအများစုသည် သံ လွင်မြစ်ပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ကျန်စီမံကိန်းများ သည် ဧရာဝတီမြစ်အတွင်းစီးဝင် သည့် မေခမြစ်၏ မြစ်လက်တက်၊ နန့်ပလွှေမြစ်၊ နန့်မမြစ်နှင့် ရွှေလီမြစ်ပေါ်တွင် အကောင်အထည်ဖော်မည့်စီမံကိန်းများဖြစ်သည်။

 အစိုးရဟောင်းသက်တမ်း တွင် ဧရာဝတီမြစ်ဆုံစီမံကိန်း အပါအ၀င် စီမံကိန်းခြောက်ခုမှလွဲ၍ ကျန်ရေအားလျှပ်စစ်စီမံကိန်းများကို လက်ခံထားခြင်းမရှိဟု သိရသည်။ ချင်းတွင်းမြစ်တွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများ လက်ခံထားခြင်းမရှိပေ။

 ကျောက်မီးသွေးသုံးလျှပ် စစ်ဓာတ်အားပေးစီမံကိန်းသစ်များကို အစိုးရသစ်လက်ထက်တွင်လက်ခံတော့မည်မဟုတ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းအဖွဲ့များအား တရားဝင်ပြောကြားထားသဖြင့် ကျောက်မီးသွေးအစားထိုး ရေအားလျှပ်စစ်စီမံကိန်းများ တိုးထုတ်လာမည်ကို သဘာဝပတ်ဝန်းကျင်သမားများက စိုးရိမ်နေသော်လည်း အစိုးရဘက်က လက်မှတ်ရေးထိုးပြီးသား စီမံကိန်းများပင် မစရသေးကြောင်းတုံ့ပြန်ထားသည်။

No comments:

Post a Comment