စစ်ကိုင်းတိုင်းဒေသကြီး ၊
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဖြစ်ပွားနေတဲ့ ၀က်သက်ရောဂါကို
တပ်မတော်ရဟတ်ယာဉ်အသုံးပြုပြီး အရေးပေါ် ကုသဆောင်ရွက်နေတယ်လို့
ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ၊
ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွန်းအောင်က 5plus ကိုပြောပါတယ်။
ကလေးငယ်တွေကို ၀က်သက်ရောဂါကာကွယ်ဆေး ထိုးနှံပေးသွား မှာဖြစ်သလို ရောဂါဖြစ်ပွားတဲ့လူကြီးတွေကိုတော့
ပျောက်ကင်းအောင် ကုသပေးသွားမယ်လို့လည်း ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
လက်ရှိအဲဒီဒေသမှာ ၀က်သက်ရောဂါကြောင့် သေဆုံးသူ (၄၀)၀န်းကျင် ရှိနေပါတယ်။
ဒီဖြစ်စဉ်ဟာ ဇွန်လလယ်လောက်က စတင်ဖြစ်ပွားခဲ့ တာဖြစ်ပေမယ့်
ကျန်းမာရေးဝန်ကြီးဌာနကို ဇူလိုင်လ (၂၉)ရက်နေ့မှ သတင်းရောက်ရှိခဲ့တာကြောင့်
ရောဂါထိန်းချုပ်နိုင်မှု အနည်းငယ်နောက်ကျ ခဲ့တာဖြစ်တယ်လို့လည်း
ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။ ဒါကြောင့် ရောဂါကို
အမြန်ဆုံးထိန်းချုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ လည်း သူကဆိုခဲ့ပါတယ်။


No comments:
Post a Comment